Sunday 25 September 2016

စံချိန်တင်ဈေးနှုန်းရှိသည့် ရှရှားစိန်ပြာကြီး



အလေးချိန် ၅.၃ ကာရက် ရှိစိန်ပြာကြီးအား နာမည်ကျော် အီတလီလူမျိုးကျောက်မျက်ဒီဇိုင်း ရေးဆွဲသူ ဘာလ်ဂါရီက ၁၉၆၅ ခုနှစ်တွင် ထရိုဘီနိုလက်စွပ်၌ ထည့်သွင်း၍ လက်စွပ်ကွင်းခဲ့ သည်။ ထိုစိန်ကြီး၏ ထူးခြားသော အရောင်အား သဘာဝဘိုရွန်ဒြပ် နှောများနှင့် ကာဘွန်အက်တမ် တို့ပေါင်းစပ်ခြင်းမှ ရရှိခြင်း ဖြစ်ပြီး ဘိုရွန်သည် လျှပ်ကူးပစ္စည်းဖြစ် သည့်အလျောက် ၎င်းတို့ပူနွေး လာသောအခါ စိန်ပြာ များအား ပို၍ပင်ပြာစေသည်။ စိန်ပြာများ သည် စိန်အားလုံး၏ ၁ % မျှ ပင်မရှိပေ။
အလေးချိန် ၅ ကာရက် အထက်ရှိစန်ပြာများသည် အလွန် ရှားပါးပစ္စည်းများဖြစ်ပြီး များစွာ သော သူများက လိုချင်တပ်မက် ကြသော စိန်မျိုးဖြစ်သည်။ ထို့ ကြောင့် ထိုစိန်ပြာကြီးအား ရောင်းချပေးခဲ့ရသည့်အတွက် အလွန် ဂုဏ်ယူကြောင်း လေလံတင်ရောင်းချပေးသည့် ကုမ္ပဏီက ပြောကြားလိုက်သည်။
လေလံခန်းမတွင်းသို့ ရောက် ရှိနေကြသူများက ထိုစိန်ကြီးအား လေလံဆွဲရန်ကြိုးပမ်းကြသကဲ့သို့ ရတနာ ပစ္စည်းစုဆောင်းသူများနှင့် ကျွမ်းကျင်သူများကလည်း လေ လံကုမ္ပဏီ၏ ဖုန်းလိုင်းမှတစ်ဆင့် လေလံဆွဲရန် ကြိုးပမ်းခဲ့ကြသည်။ ထိုလက်စွပ်အား ဒေါ်လာ ၁.၆ သန်းရရှိလိမ့်မည်ဟု မူလကခန့် မှန်းထားသော်လည်း ဒေါ်လာ ၉.၆ သန်းနီးပါးရရှိခဲ့သည်။ ထို နှုန်းထားမှာ တစ်ကာရက်လျှင် ဒေါ်လာ ၁.၈ သန်းဖြစ်ပြီး ယခင်က စံချိန်တင်ထားခဲ့သည် မှာ တစ်ကာရက်လျှင် ဒေါ်လာ ၁.၆၈ သန်းဖြစ်သည်။ သို့ရာတွင် ထိုစိန်ပြာကြီးမှာ တွေ့ရှိခဲ့ရသော စိန်ပြာများတွင် အကြီးမားဆုံးမဟုတ်သေးပေ။ အကြီးမားဆုံးစိန်ပြာကြီးမှာ ၁၆၆၈ ခုနှစ်က ပြင်သစ်နိုင်ငံ၏ ဘုရင် လူဝီ-၁၄ ၀ယ်ယူခဲ့သော “ဟုပ်”စိန်ပြာကြီးမှာ အလေးချိန် ၄၅.၅၂ ကာရက်ရှိသည်။ ထို “ဟုပ်” စိန်ပြာကြီးမှာ ပြင်သစ် တော်လှန်ရေးတွင် ပျောက်ဆုံး သွားခဲ့ပြီး ၁၈၁၂ ခုနှစ်တွင် လန် ဒန်မြို့၌ ပြန်ပေါ်လာသည်။ အမေရိကန်အမျိုးသမီး မစ္စက်အီ ဗာလင်းဝေါ့ရှ်မက္ကလင်းက ထိုစိန် ကြီးအား ၀ယ်ယူ သွားခဲ့ပြီး စိန်ဖြူ ၁၆ လုံး ခြံရံ၍ နောက်ထပ် စိန် ၄၅ လုံးပါသောကြိုးဖြင့် လည်ဆွဲ လုပ်ထားခဲ့သည်။ ယခုအခါ ထို လည်ဆွဲမှာ  ၀ါရှင်တန် ဒီစီရှိစမစ်   ဆိုနီယံအသင်း   သဘာဝ  သမိုင်း    ပြတိုက်တွင်   ရှိနေ ကြောင်း လည်း  သိရသည်။  

From:ဥက္ကာအောင်
HotNewsWeekly

No comments:

Post a Comment