Sunday 25 September 2016

ကျန်းမာသော စားသောက်မှုကို အကူအညီပေးမယ့် ခရင်း



ဒီခရင်းလေးဟာ နည်နည်ရရတော့ မဟုတ်ပါဘူး..နေ့ စဉ် ကျန်းမာသော စားသောက်နေထိုင်မှု ဘ၀ကို လမ်းပြပေးမဲ့ digital စနစ် သုံး ခရင်းလေးပဲ ဖြစ်ပါတယ်။ အဓီက က အစာကြေညက်မှုအတွက် အထောက် အပံ့အနေနဲ့  သတိပြုစရာတွေကို မိမိအသုံးပြုသည့် အပေါ်မှတ်သားထားပြီး ပြန်လည် ဖော်ပြပေးနိုင်တာပဲ ဖြစ်ပါတယ်။ မိမိစားတဲ့ အစားအသောက်က ကျန်းမာရေးနဲ့ ညီညွတ်မှု ရှိသလား ဗိုင်တာမင် အဟာရဓာတ် အဆီ စသဖြင့် ခရင်းနဲ့ ထိုးပြီး ထိတွေ့ စားသောက်လိုက်သည် မှန်သမျှကို သူက အတွင်းရှိ Memory တွင် မှတ်သားထားပေးပြီး..မိမိအသုံးပြုတဲ့ စမတ်ဖုန်း ၊ကွန်ပြုတာ USB နဲ့  ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အစားအသောက် ဆင်ဆင်ခြင်ခြင်နဲ့ ကျန်းမာရေး နဲ့ ညီညွတ်သော အစားအသောက်တွေကို စားသောက်ဖို့  သူက လမ်းညွန်ပြသပေးနိုင်ပါတယ်။ ဖြည်းဖြည်းမှန်မှန်စား အစာကြေညက်ပြီး ကျန်းမာစေသားလို့  ဖော်ပြ ချက်နဲ့  သူက မိမိ နေ့ စဉ်စားသောက်မှုကို အကူအညီပေးပါလိမ့်မယ်။ အစားအသောက် နဲ့ ကျန်းမာရေး သတိရှိလို သူများအတွက် ဆောင်ထားရန် သင့်ပြီး ပထမဆုံးအနေနဲ့ ဒေါ်လာ၃၀၀ခန့် နဲ့  ရောင်း ချဖို့ ရှိ တယ် လို့ ဆိုထားပါတယ်။ဒီတော့ ကျန်းမာတဲ့အစားအသောက်ဂရုစိုက်မှုကို လမ်းညွန်ပေးနိုင်တဲ့  ဒီ Digital device လေးကို မျှဝေပေးလိုက်ပါတယ် ခင်ဗျ ။  

From: Freddy ( Stuff Magazine )

No comments:

Post a Comment