Monday, 19 September 2016

ကမ္ဘာ့ဈေးအကြီးဆုံး iPhone 5




ပုံမှာ ပြထားတဲ့ iPhone 5 ရဲ့  ကာလတန်ဖိုးက ဗြိတိန်ပေါင် ၁၀ သန်း အထက်မှာ ရှိပါတယ်။ ဗြိတိန် အခြေ ဆိုက် ကျောက်မြတ်ရတနာ အလှဆင်နှင့် ဇိမ်ခံပစ္စည်း ထုတ်လုပ်ရေး ကုမ္မဏီတစ်ခုက ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီဇိုင်နာ ကတော့ Stuart Hughes ဖြစ်ပါတယ်။ Home Button ကို ကမ္ဘာ့ အရှားပါး စာရင်းဝင်တဲ့ အပြစ်အနာဆာမယ့် အနက်ရောင် စိန်တုံးကို အသုံးပြု ထားပါတယ်။ အလေးချိန်ကတော့ 26 cts ရှိပါတယ်။ အခြား ကိုယ်အစိတ်အပိုင်းတွေကိုတော့ စိန်၊ရွှေ အစေ့ပေါင်း ၈၀၀ ကျော်နဲ့ အလှ ဆင်ပါတယ်။ အလေးချိန်အားဖြင့် ၁၃၅ ဂရမ် မက လေးစေပါတယ်။ ကာဗာအနေနဲ့ မဟုတ်ပဲ၊ iPhone 5 အသားပေါ် အသေ အလှဆင်ထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကြွေကျ ပျက်ဆီးမှာကိုလည်း မစိုးရိမ် ရပါဘူး။ ကာလတန်ဖိုး အားဖြင့် ဗြိတိန်ပေါင် ၁၀ သန်း အထက် တန်ဖိုးရှိတဲ့ ယင်း ဇိမ်ခံ iPhone 5 ကို အမည်မဖော်လိုသူ တရုတ် စီးပွားရေး လုပ်ငန်း ရှင် တစ်ဦးက အော်ဒါမှာ ပြုလုပ်စေခဲ့ခြင်း ဖြစ်ကြောင်း သိရ ပါတယ်။ From:Stuff Myanmar Magazine

No comments:

Post a Comment