Sunday 25 September 2016

အသစ်ထွက် Lumix GF6 မှာ NFC ပါဝင်လာ (8 photos)



Panasonic မှ ထုတ်ကုန်အသစ်အဖြစ် Lumix GF6 ကိုကြေငြာခဲ့ပါတယ်။ Single lens mirrorless camera အမျိုးအစားတွေဖြစ်တဲ့ Lumix G တွေထဲမှာ နောက်ဆုံးပါဝင်လာတဲ့ Camera ဖြစ်ပါတယ်။ Compacts Camera တွေနဲ့ smartphones တွေက မပေးစွမ်းနိုင်သေးတဲ့ အရည်အသွေးတွေကို အခု GF6 မှာ ထည့်သွင်းထားတာ တွေ့ရပါတယ်။ Wi-Fi စနစ်နဲ့အတူ NFC စနစ်ပါဝင်လာတာဟာ Camera သမားတွေအတွက် လွယ်ကူအဆင်ပြေစွာ Transfer လုပ်လို့ရမှာ ဖြစ်ပါတယ်။ တောက်ပတဲ့ 3လက်မ 180 degree လှည့်လို့ရတဲ့ touchscreen ပါဝင်ပါတယ်။ Filters ပေါင်း 19 မျိုးလည်း ပါဝင်ပါတယ်။ 16MP sensor နဲ့အတူ Panasonic Venus Engine ကို အသုံးပြုထားပါတယ်။ GF6 ကို iOS or Android app တွေသုံးပြီး Control လုပ်လို့ရသလို Retouch လည်း လုပ်လို့ရမှာ ဖြစ်ပါတယ်။ Panasonic Lumix GF6 တွေဟာ April လကုန်မှာ ထွက်ရှိလာမှာ ဖြစ်ပြီး အနက်နဲ့ အဖြူ အရောင်နှစ်မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဈေးကတော့ £500 (for the 14-22mm lens kit) နဲ့ £650 (for the 45-150mm twin kit) အသီးသီးရှိမှာ ဖြစ်ပါတယ်။ From: Stuff Myanmar Magazine

No comments:

Post a Comment