Monday, 19 September 2016

Tumblr ကို အိတ်ထဲ ထည့်ချင်တဲ့ Yahoo

Yahoo က သူ့ကို လူသုံးများလာစေဖို့အတွက် မဟာ စီမံကိန်းကြီးတခု ရှိနေပါတယ်။ အဲဒါကတော့ အနောက်တိုင်း မှာ လူသုံးများတဲ့ Tumblr ကို ဝယ်လိုက်ဖို့ပါပဲ။ 

Yahoo ရဲ့ အမှုဆောင်အရာရှိချုပ် မာရစ်ဆာမေယာ (ဓာတ်ပုံ - Mario Tama/Getty Images)

သတင်းတွေအရ Yahoo နဲ့ Tumblr တို့ ရဲ့ အမှုဆောင် အရာရှိချုပ်တွေဟာ သူတို့ကုမ္မဏီ၂ ခုကို ပူးပေါင်းဖို့ ဆွေးနွေးခဲ့ကြတယ်၊ ဝယ်မယ့်ဈေးက ဒေါ်လာ သန်းတထောင် လို့ ဆိုပါတယ်။

Tumblr ဆိုတာ ဘာလဲ

Tumblr ဟာ မြန်မာ အင်တာနက်အသုံးပြုသူများနဲ့ အတော်စိမ်းသေးပေမယ့် အမေရိကနဲ့ဥရောပ နိုင်ငံတွေမှာ လူကြိုက်များအသုံးပြုနေတဲ့ ဘလော့ဆိုဒ်တခု ဖြစ်ပါတယ်။ Tumblr မှာ ဘလော့ဆိုဒ်တွေ သန်းပေါင်း တရာကျော် ရှိပြီး တလကို ၁၅ ဘီလီယန်အထိ လာရောက်ဖတ်ရှုတဲ့နှုန်း ရှိတာကြောင့် Yahoo က ဝယ်ယူပြီး ဖို့ ကြိုးစားနေတာပါ။ ဒီနည်းနဲ့ Yahoo ကို လူသုံးများလာမှာ ဖြစ်ပါတယ်။ ဥပမာ အနေဖြင့် Google ဟာလည်း Blogger ကို ဝယ်ယူခဲ့ဖူးပြီး လူကြိုက်များတဲ့ ဘလော့ဆိုဒ် တခုဖြစ်အောင် ဖန်တီး နိုင်ခဲ့တဲ့ သာဓက ရှိပါတယ်။ Tumblrရဲ့ထူးခြားချက်ဟာ ဓာတ်ပုံဖိုင်တွေကို အလွယ်တကူ ရှယ်နိုင်သလို၊ ဗီဒီယိုဖိုင်တွေကိုလည်း အခမဲ့တင်လို့ ရပါတယ်။ နောက်ထပ်ကောင်းတဲ့အချက်က မိမိတင်သမျှ သတင်း တိုင်းကို လာဖတ်တဲ့သူကရှယ်သွားလို့ရတယ်၊ Facebook သုံးသလိုပဲ ပိုစ့်များမှာအလွယ်တကူ ကွန်မန့် ပေးလို့ရ၊ အလွယ်တကူလည်း ပြန်လည်ရှယ်လို့ ရခြင်းပါပဲ။ ဒီအချက်တွေကြောင့် ကိုယ်ပိုင် ဆိုဒ်လေး တခုမှာ စာဖတ်ပရိတ်သတ်များများ အချိန်တိုအတွင်း ရရှိနိုင်တဲ့ (Blog) ဘလော့ဂ် အမျိုးအစားဖြစ်ပါတယ်။ Yahoo ရဲ့ စိတ်ကူး အထမြောက်သွားပြီး Tumblr ကို အပိုင်ရလိုက်ပြီ ဆိုရင်တော့ ကြော်ငြာတွေ အများကြီး ထပ်ရမှာ အသေအချာပါပဲ။ ကြော်ငြာ ဆိုတာ အင်တာနက်လောကမှာတော့ ငွေတွင်းကြီး မဟုတ်လား။

Yahoo ရဲ့ စိတ်ကူးကို ကန့်ကွက်သူများ

Tumblr ဟာ အချိန်တိုအတွင်း လျှင်မြန်စွာ တိုးတက်လာနေတာကြောင့် Yahoo နဲ့ လက်မတွဲဘဲ တစ်ဦး တည်းသာ ဆက်လက်သွားပါက ပိုမို တိုးတက်လာဖွယ်ရှိနေတယ်လို့ ဝေဖန်တဲ့သူများလည်း ရှိပါတယ်။ Yahoo က ဝယ်မယ် ဆိုတဲ့သတင်းကြောင့် Tumblr အသုံးပြုသူများကတော့ အတော်ကို စိတ်ပျက် လက်ပျက်ဖြစ်နေပါတယ်။ Yahoo ကို ကန့် ကွက်စာတွေပို့ ကြမယ်လို့ လည်း ဆိုသူက ဆိုပါတယ်။ သတင်းတွေအတိုင်း Yahoo က ဒေါ်လာ သန်း ၁,ဝဝဝ ပေးချေပြီး ဝယ်ယူခဲ့မယ် ဆိုပါစို့။ ဒါဆိုရင် Facebook က ဓာတ်ပုံအသားပေး Instagram ကို ဝယ်ယူခဲ့တဲ့ ဒေါ်လာ ၇၁၅ သန်း စံချိန်ကို Yahoo က အသာ ကျော်ဖြတ်နိုင်တော့မှာပါ။
(ဒီအကြောင်းကို ဒီ ဧရာဝတီ ဘလော့ မှာပဲhttp://blog.irrawaddy.org/2012/04/facebook_10.html က ဓာတ်ပုံအတွက် $ သန်းတထောင် သုံးပြီ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြခဲ့ပြီးပါပြီ)

Tumblr ကို ဘယ်လို သုံးကြမလဲ

ဘလော်ဂါအကြိုက် Tumblr ကို ဖေဖော်ဝါရီ ၂ဝဝ၇ ခုနစ်မှာ စတင် တည်ထောင်ခဲ့တာဖြစ်ပြီး ရုံးကတော့ အမေရိကန်ရဲ့ အထင်ကရမြို့ ဖြစ်တဲ့ နယူးယောက်မှာပါ။ တည်ထောင်သူရဲ့နာမည်ကတော့ ဒေးဗစ် ကာ့ပ် ဖြစ်ပြီး လက်ရှိအချိန်မှာ ဝန်ထမ်းအင်အား ၁၇၅ ယောက်နဲ့  အလုပ်လုပ်နေတာဖြစ်ပါတယ်။ Tumblr မှာ ဘလော့ဂ် ပေါင်း ၁ဝ၈ သန်းကျော်ရှိနေပြီးနေ့ စဉ်နဲ့ အမျှ ဘလော့ဂ် အသစ်တွေ ဖွင့်နေသူ အများ အပြား ရှိပါတယ်။ လတ်တလောမှာ ဘာသာစကားပေါင်း ၁၂ မျိုး နဲ့ အလုပ်လုပ်နိုင်ပြီး တဖြည်းဖြည်း တိုးချဲ့  လုပ်ကိုင် နေတာကိုလည်း တွေ့ ရမှာပါ။ Tumblr ရဲ့ရည်ရွယ်ချက်ကတော့ ဒီလိုပါတဲ့ ... Tumblr ဟာ တီထွင် ဖန်တီးမှုကို အားပေးပါတယ်။ သင်တို့ အားလုံးဟာ Tumblr ကိုအသုံးပြုပြီး မိမိဘာကို နှစ်သက်တယ်၊ ဘာကို ယုံကြည်တယ်၊ ဘယ်လိုတွေးခေါ် တတ်တယ်ဆိုတာကို လူအများနဲ့  အချိန်တို အတွင်းမှာ ဖလှယ်လို့ ရအောင် အဓိက ထားပါတယ် တဲ့။ အကယ်၍ Tumblr ကို အသုံးပြုပြီး မိမိရဲ့ ကိုယ်ပိုင် ဝက်ဆိုဒ်လေးတစ်ခု ပြုလုပ်ချင်တယ်ဆိုပါက အောက်ပါလိပ်စာမှာ သွားရောက်ပြီး စမ်းသပ် အသုံးပြု နိုင်ပါတယ်။

ကိုးကား ။
edition.cnn.com/2013/05/17/tech/social-

ဧရာဝတီ Blog မှ ကူးယူဖော်ပြသည်။

No comments:

Post a Comment