Sunday 30 October 2016

ဟစ်တလာနောက်ဆုံး ပုန်းခိုခဲ့သောရာနေရာ


ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ ဟစ်တလာ နောက်ဆုံး ပုန်းခိုခဲ့ရာနေရာကို Berlin Museum တာဝန်ရှိသူတွေက အများ ပြည်သူ လေ့လာနိုင်ဖို့အတွက် ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဆိုပါ နေရာဟာ ဒုတိယကမ္ဘာစစ်ကြီးအချိန်တွင်းမှာ ဟစ်တလာရဲ့ အမိန့်နဲ့ တည်ဆောက်ခဲ့တဲ့ Banker ဖြစ်ပါတယ်။

ကနဦး တည်ဆောက်ချိန်တုန်းက လူပေါင်း 3500 အတွက် ရည်ရွယ်တည်ဆောက်ခဲ့တာဖြစ်ပေမယ့် တကယ်တမ်း စစ်ဖြစ်တော့ လူပေါင်း 12000 အထိ နေထိုင်ခဲ့ကြတယ်လို့ သိရပါတယ်။ အခန်းငယ်လေးတွေ များစွာနဲ့ ဖွဲ့စည်းထားပြီး လေ၀င် လေထွက်နဲ့ ပြင်ပအခြေအနေကို ကင်းထောက်ကြည့်ရှုနိုင်ဖို့ကိုလည်း စီမံထားတဲ့ Banker ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ အဲဒီ Banker အတွင်း ၀င်ရောက်လိုပါက ပြတိုက်မှာတာဝန်ထမ်းဆောင်နေတဲ့ Gide ပါမှ ခွင့်ပြုပါတယ်။ Berlin Museum တာဝန်ရှိသူတွေဟာ ဟစ်တလာ နောက်ဆုံး မိမိကိုယ်ကိုယ် သေနက်နဲ့ပစ်သတ်စီရင်ခဲ့တဲ့ ရုံးခန်းကို လည်း ပြသနိုင်ဖို့အတွက် ပြင်ဆင်နေပါတယ်။ ဟစ်တလာဟာ အဲဒီရုံးခန်းထဲမှာ 1945 ခုနှစ်က သေကြောင်းကြံစည်သွားသူ ဖြစ်ပါတယ်။

အဆိုပါ ဧည့်ခန်းထဲမှာ ဟစ်တလာလေးစားအားကျခဲ့ရတဲ့ မဟာဖရီဒီရစ်ခ်ရဲ့ပန်းချီကို ချိတ်ဆွဲထားပြီး၊ မျက်နှာချင်းဆိုင် ဆိုဖာခုန်ပေါ်မှာ ဟစ်တလာနဲ့ သူ့ရဲ့ မယားငယ် Eva Braun တို့ သေနက်ဒဏ်ရာနဲ့ သေဆုံးနေခဲ့တာဖြစ်ပါတယ်။ အခုလော လောဆယ်မှာတော့ Banker မှာ ပါဝင်တဲ့ အခန်းအားလုံးကို တိုက်ရိုက်ဝင်ရောက်ခွင့် မပေးသေးဘဲ၊ လိုအပ်တဲ့ ပြင်ဆင်မှုတွေ ပြုလုပ်နေသေးတယ်လို့ သိရပါတယ်။
source : BBC

No comments:

Post a Comment