Monday, 19 September 2016

အချိန်ကိုအရောင်နဲ့ပြမယ့် နာရီ

ထူးတော့ထူးဆန်းပါတယ်။ ပြီးတော့ ဒီနာရီကို ကာလာဘလိုင်းတို့ အသုံးပြု မယ်ဆိုရင် ခက်ခဲမယ့်အနေ အထားမှာရှိပါတယ်။ ဘာလို့လဲဆို သူက အချိန် ကို အရောင်နဲ့ ခွဲခြားလို့ ဖြစ်ပါတယ်။ ဥပမာမနက် အိပ်ယာထချိန်ကို အစိမ်းရောင်လို့ပေးထားပြီး alarm ပါတွဲ ပေးထားရင် ပိုအဆင်ပြေပါမယ်။ ပြီးတော့ နေ့လည်ထမင်းစားချိန်ကို အဝါရောင်ပေး၊ ညနေ ကော်ဖီသောက်ချိန်ကို အနီရောင်ပေး အစရှိသဖြင့် လိုသလို Option ပေးလို့ရပါတယ်။ ၂၄ နာရီလုံးကို ခွဲခြားပေးဖို့ အရောင်တော့ ပေးမထားလောက်ဘူး ထင်ပါတယ်။
သူက အဓိက အားဖြင့် မနက်အိပ်ယာထချိန်၊ ထမင်းစားချိန်၊ နေ့လည်စာချိန်၊ ညနေရုံးဆင်းချိန်၊ ညစာ စားချိန်၊ ညအိပ်ယာဝင်ချိန် အစရှိသဖြင့် အရေးကြီးတဲ့ အချိန်တွေ ကိုပဲ ပြသမှာ ဖြစ်ပါတယ်။ LED မျက်နှာပြင်နဲ့ ဖြစ်ပြီး ပုံမှာ မြင်တွေ့ရတဲ့ ဒီဇိုင်းအတိုင်းပါပဲ။ အချိန်ကို နာရီမဟုတ်ပဲ ဖုန်းတို့လိုနေရာ ကနေ ကြည့်နိုင်တယ်ဆိုရင် လက်မှာ ပတ်တဲ့ နာရီနေရာကို ဖက်ရှင် တစ်ခုခုနဲ့ အစားထိုင်းနိုင်ပါတယ်။ ဒါကြောင့်ပဲ ယင်းစိတ်ကူးနဲ့ ယခု Color in time နာရီကို ဖန်တီးထားခြင်း ဖြစ်ပါတယ်။
ဒီဇိုင်နာ ကတော့ Maxim Mezentsev ဖြစ်ပြီး မကြာမီ ထုတ်လုပ်တာ့ မှာ ဖြစ်ကြောင်း သိရပါတယ်။  

Ref: Stuff Myanmar Magazine -- 

No comments:

Post a Comment