လူမဲ့ ဖိုက်တာ ဟက်စကီး MQ-8C Fire-X
လူမောင်းစရာ မလိုပဲ တကယ့် စစ်မြေပြင်မှာ အသုံးပြုနိုင်တဲ့ ဖိုက်တာ ဟက်စကီး ဖြစ်ပါတယ်။ MQ-8C Fire-X လို့အမည်ပေးထားတဲ့ ဟယ်လီကော်ပတာ ဖြစ်ပြီး အမေရိကန်က ထုတ်လုပ်တာပါ။ လူလုံးဝမလုပ်ပဲ တိုက်ပွဲမှာ ရေကုန်ရေခန်း တိုက်ခိုက်နိုင်မယ့် ဖိုက်တာ ရဟတ်ယာဉ် ဖြစ် ပါတယ်။
ဒီလိုလေယာဉ်ရလာဖို့အတွက် အမေရိကန် စစ်ဌာနချုပ်က နှစ်အတော်လေး ကြိုးစားယူရပါတယ်။ မောင်းသူမဲ့ တိုက်လေယာဉ်ထုတ်လုပ်တုန်းက နည်းပညာနဲ့ ကွဲပြားနေပါတယ်။ ဟက်စကီးရဲ့  သွားနှုန်းဟာ တိုက်လေယာဉ် ထက်နှေးတဲ့အတွက် ထိန်းချုပ်ဖို့ကပိုတောင် ခက်ပါသေးတယ်။
သို့ပေမယ့် မောင်းသူမဲ့ တိုက် ရဟတ်ယာဉ် တစ်စီး ကတော့ ပုံမှာ မြင်တွေ့ ရတဲ့ အတိုင်း သားသား နားနား ရှိနေပါတယ်။ အင်ဂျင် တစ်လုံးတည်း ပါဝင်ပြီး ဘလိတ်လေးပြားတပ် ပန်ကာကို အသုံးပြု ပါတယ်။
တိုက်ခိုက်ဖို့အတွက် အမြောက်၊ ဒုံးကျည်လက်နက် အစုံအလင် ပါရှိပြီး ရေပေါ်၊ မြေပေါ် စစ်ဆင်ရေးများမှာ ကောင်းစွာတာဝန်ထမ်းဆောင်နိုင်မယ်လို့ ဆိုပါတယ်။ ရဟတ်ယာဉ်တစ်စီးရဲ့ ဈေးနှုန်းဘယ်လောက် ရှိမယ် ဆိုတာကိုတိတိကျကျ မပြောသေးပါဘူး သို့ပေမယ့် တီထွင်ထုတ်လုပ်မှုအတွက် အမေရိကန်ဒေါ်လာ ၇၁သန်း မက အကုန်ကျခံထားကြောင်း သိရပါတယ်။
Ref:TechSpace Journal
No comments:
Post a Comment