ဦးနှောက်ဟာလည်း ကြွက်သားတွေလို လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်... အကယ်၍ ဦးနှောက်ကို မှန်ကန်တဲ့ နည်းလမ်းနဲ့ မကြာခဏအသုံးပြုပေးမယ်ဆိုရင် သင်ဟာအရည်အချင်း ပြည့်ဝတဲ့ တွေးတောသူ တစ်ယောက်ဖြစ်လာမှာဖြစ်ပြီး အာရုံစူးစိုက်နိုင်စွမ်းလည်း မြင့်မားလာပါလိမ့်မယ်... ဒါပေမဲ့ သင့်ဦးနှောက်ကို အသုံးမပြုရင်ပဲဖြစ်ဖြစ် ဥပါဒ်ဖြစ်...နိုင်တဲ့ ဓာတုဆေးဝါးတွေကို လွဲမှားစွာအသုံးပြုနေရင်ပဲဖြစ်ဖြစ် သင့်ရဲ့ တွေးတောစဉ်းစားမှုနဲ့ သင်ယူလေ့လာမှုစွမ်းရည်တွေဟာ ယိုယွင်းပျက်စီး လာပါလိမ့်မယ်...
အခုဖော်ပြ ပေးမှာကတော့ ဦးနှောက်ရဲ့ ထုတ်လုပ်မှုကို ထိထိရောက်ရောက်တိုးမြှင့်ပေးနိုင်မယ့် ရိုးရှင်းတဲ့ နည်းလမ်း ငါးသွယ်ပဲဖြစ်ပါတယ်...
ဒါက စွန့်လွှတ်ဖို့ခက်ခဲတဲ့ ကိစ္စတစ်ရပ်ပါပဲ... လူတွေဟာ ရုပ်မြင်သံကြားရှေ့မှာ လတ်လျား လတ်လျား လုပ်ရတာကို ကြိုက်ကြပါတယ်... အဓိကပြဿနာက ရုပ်မြင်သံကြားကြည့်ရှုတာဟာ သင့်ဦးနှောက်ရဲ့ စွမ်းအားကို အသုံးမပြုတာ.. တစ်နည်းအားဖြင့် ဦးနှောက်ကို အားသစ်မလောင်းနိုင်တာပါပဲ... ဒါက ဘာနဲ့ တူသလဲဆိုရင် ကျန်းမာရေးကိုအကျိုးပြုတဲ့ လေ့ကျင့်ခန်းမလုပ်ဘဲ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားကနေ စွမ်းအင်တွေယုတ်လျော့စေတာနဲ့တူပါတယ်... ရုပ်မြင်သံကြားရှေ့မှာ နာရီအတော်ကြာထိုင်ပြီးတဲ့အခါမှာ တစ်ခုခု လစ်ဟာ ဆုံးရှုံးသွားသလိုမျိုး ခံစားရဖူးပါသလား... သင့်ရဲ့မျက်လုံးတွေဟာ အလင်းရောင် ထွက်နေတဲ့ ဒီသေတ္တာလေးကို နာရီပေါင်းများစွာကြည့်နေရတဲ့အတွက် ပင်ပန်းနာကျင်နေပါလိမ့်မယ်... အပန်းဖြေအနားယူဖို့ စိတ်ကူးရှိတယ်ဆိုရင်တော့ ရုပ်မြင်သံကြားကြည့်မယ်အစား စာအုပ်တစ်အုပ်ကို ကောက်ဖတ်လိုက်ပါ... အရမ်းကို ပင်ပန်းနေပြီဆိုရင် ဂီတသံစဉ်သီချင်းလေးတွေနားထောင်လိုက်ပါ... သင့်မိသားစု ဒါမှမဟုတ် သင့်မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူရှိနေတယ်ဆိုရင် ရုပ်မြင်သံကြားကိုပိတ်ပြီး စကားစမြည်ပြောပါ.... ဒီအချက်တွေဟာ ရုပ်မြင်သံကြားကြည့်တာထက် သင့်ဦးနှောက်ကိုပိုအသုံးပြုစေပြီး အပန်းလည်းပြေစေပါတယ်...
ဥာဏ်ကောင်းချင်တဲ့သူတစ်ယောက်ဟာ လေ့ကျင့်ခန်းလုပ်မလား စာအုပ်ဖတ်မလားလို့ဆိုရင် စာအုပ်ဖတ်ဖို့ လိုမယ်လို့ ကျွန်တော်တို့ထင်ခဲ့ကြပါတယ်... တကယ့်တကယ်မှာတော့ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ဦးနှောက် စွမ်းရည်ကို မြင့်မားအောင် ပိုပြီး အထောက်အကူပြုနိုင်ပါတယ်... အကြောင်းရင်းကတော့ လေ့ကျင့်ခန်း လုပ်ပြီးတဲ့နောက်ပိုင်းမှာ လေ့လာမှုစွမ်းရည် ပိုမိုမြင့်မားကောင်းမွန်စေလို့ပါပဲ... သင့်ကိုယ်ခန္ဓာကို အသုံးပြု ခြင်း အားဖြင့် သင့်ဦးနှောက်ကို ရှင်းလင်းစေပြီး စိတ်စွမ်းအင်တွေကို ဆက်တိုက်ဖြစ်ပေါ် စေပါတယ်... လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ လန်းဆန်းလာပြီး လွယ်လွယ်ကူကူ အာရုံစူးစိုက်နိုင်ပါတယ်....
လူအများစုက သဲထိတ်ရင်ဖို စိတ်ကူးယဉ်ဝတ္ထုတွေကို ပိုကြိုက်ကြပါတယ်... ဒါပေမဲ့ အဲ့လိုစာအုပ်တွေဟာ သာမန်အားဖြင့် ဦးနှောက်ကို မလှုံ့ဆော်ပေးနိုင်ပါဘူး... သင့်အနေနဲ့ အတွေးအခေါ်နဲ့ အရေးအသား တိုးတက်မြင့်မားစေချင်တယ်ဆိုရင်တော့ အာရုံစိုက်ဖတ်ရတဲ့စာအုပ်တွေကို ဖတ်သင့်ပါတယ်... ဂန္တဝင် ဝတ္ထုတစ်ပုဒ်ကို ဖတ်လိုက်ခြင်းဖြင့် လောကကိုရှုမြင်တဲ့ပုံစံပြောင်းလဲသွားပြီး တိကျသပ်ရပ်တဲ့ အသုံးအနှုန်း တွေကိုလည်း ပိုပြီးတွေးတောနိုင်လာပါလိမ့်မယ်.... သင်မသိတဲ့စကားလုံးတွေကို မကြောက်ပါနဲ့ ပြီးတော့ စာပိုဒ် ရှည်ကြီးတွေကိုလည်း မကြောက်ပါနဲ့... အချိန်ယူဖတ်ပါ... လိုအပ်ရင် ထပ်ခါထပ်ခါဖတ်ပါ.... အချိန်ကြာလာတာနဲ့အမျှ စာရေးဆရာရဲ့ အာဘော်ကို သင်ဖမ်းမိလာပါလိမ့်မယ်.... ခက်ခဲတဲ့ စာအုပ် တွေကို ဖတ်ပြီး အတွေးအခေါ်သစ်တွေကို စိန်ခေါ်ယှဉ်ပြိုင်ရတာဟာ အပေါစားသဲထိတ်ရင်ဖို စာအုပ်တွေ.. ဇာတ်ကားတွေ ကြည့်ရ ဖတ်ရတာထက် ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းပါတယ်....
(၄) စောစောအိပ်၊ စောစောထ
အိပ်ရေးပျက်တာထက်ပိုပြီး အာရုံစူးစိုက်မှုကို ပျက်ပြားစေတဲ့အရာမရှိပါဘူး.... အိပ်ယာစောစောဝင်ပြီး တစ်နေ့ ၈ နာရီထက်ပိုမအိပ်ဘူးဆိုရင် အကောင်းဆုံးနုပျိုမှုကို သင်ရရှိနိုင်ပါတယ်... ညနက်တဲ့အထိနေပြီး အိပ်ရာဝင်နောက်ကျတယ်ဆိုရင် မလန်းမဆန်းနဲ့ နိုးထလာပြီး အာရုံစူးစိုက်မှုကျဆင်းနိုင်ပါတယ်... မနက် အစောပိုင်းအချိန်တွေဟာ ငြိမ်သက်အေးဆေးပြီး အလုပ်လုပ်နိုင်ဆုံး အချိန်တွေဖြစ်ပါတယ်... စောစော ထခြင်း ဖြင့် အလုပ်ချိန်ပိုရပြီး တစ်နေ့လုံးမှာ ထိုးထွင်းဥာဏ်ထက်သန်စေပါတယ်.... အချိန်ရမယ် ဆိုရင် တော့ အိပ်ရာထပြီး ၁၀ မိနစ်... မိနစ် ၂၀ လောက် တစ်ရေးပြန်အိပ်ခြင်းဖြင့် မူးဝေတာမျိုးမဖြစ်အောင် ကာကွယ်နိုင်ပါတယ်... အအိပ်များရင်တော့ ထိုင်းမှိုင်း လေးလံစေမှာဖြစ်ပေမဲ့ ခဏတဖြုတ် တစ်ရေး တစ်မော အိပ်လိုက်တာက သင့်ကိုပြန်လည်လန်းဆန်းစေပါလိမ့်မယ်....
ကျွန်တော်တို့ကိုယ်တိုင် သေချာမသိတဲ့အရာတွေနဲ့ ကျွန်တော်တို့ရဲ့ဘဝတွေဟာ ရှုပ်ထွေးပြီး ပြာယာ ခတ်နေကြရပါတယ်... ကစဥ့်ကလျားအတွေးတွေက နှောင့်ယှက်နေတဲ့အတွက် အာရုံစူးစိုက်ဖို့ကလည်း ခက်ခဲပါတယ်... တစ်ယောက်ထဲ ဆင်ခြင်စဉ်းစားဖို့အချိန်ယူလိုက်တာဟာ သင့်အတွေးတွေကို ခွဲခြမ်း စိတ်ဖြာ ဖို့အခွင့်အရေးရစေပြီး သင့်လုပ်ငန်းတာဝန်တွေကို ဦးစားပေးအဆင့် သတ်မှတ်နိုင်စေပါတယ်.... တွေးတောစဉ်းစားပြီးတဲ့နောက်မှာ သင့်အနေနဲ့ ဘာက အရေးကြီးတယ် ဘာကအရေးမကြီးဘူးဆိုတာကို ကောင်းကောင်းနားလည်သွားပါလိမ့်မယ်... အရေးမကြီးတဲ့အကြောင်းအရာတွေကို တွေးပြီး ငြီးငွေ့ စေတော့မှာ မဟုတ်တဲ့အတွက် သင့်ကိုဝန်ပေါ့သွားစေပါလိမ့်မယ်... ကြမ်းပြင်ပေါ်ထိုင်... တင်ပလ္လင်ချိတ်... " အင်း... " ဆိုပြီးတော့ စဉ်းစားနေစရာတော့မလိုပါဘူး.... လူသူရှင်းတဲ့နေရာ တစ်နေရာရာဆို အလုပ်ဖြစ်ပါတယ်... လမ်းလျှောက်ရင်းစဉ်းစားတာကလည်း နည်းလမ်းကောင်းတစ်ရပ်ဖြစ်ပါတယ်... ကိုယ့်အတွက် အဆင်ပြေဆုံးဖြစ်မယ့် စဉ်းစားပုံကို စမ်းသပ်ရွေးချယ်ထားရပါမယ်...
ဒီနည်းလမ်း အားလုံးဟာ အလွယ်တကူလုပ်ဆောင်လို့ရတဲ့အတွက် သင့်အနေနဲ့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်.... ရိုးရှင်းတဲ့နည်းလမ်းတွေဟာ အထိရောက်ဆုံးပါပဲ... သင့်အနေနဲ့ ရင်ဆိုင်ရမှာကတော့ ဒီအချက်တွေကို လိုက်ပါလုပ်ဆောင်ချင်တဲ့ စိတ်ဆန္ဒအခြေအနေပါပဲ...ဒီအကြံပြုချက်နည်းလမ်း ငါးခုကို လိုက်ပါ လုပ်ဆောင် နိုင်ပြီဆိုရင်သင်ဟာ ထိုးထွင်းဥာဏ်မြင့်မားပြီး ဗဟုသုတပြည့်စုံ ကြွယ်ဝသူ တစ်ဦးဖြစ်လာမှာ သေချာပါတယ်။
Ref: General Knowledge For All
နှိုင်းရင့်နွေမှတင်ဆက်သည်...
www.facebook.com/hnaingyintnway
No comments:
Post a Comment