Thursday, 22 September 2016

Windows 8 OS သုံး Tablet ကွန်ပျူတာအသေးစား Amazon ထုတ်ဖော်ပြသ



Apple၏ iPad Miniနှင့် Android OSသုံး Tabletများကို ရင်ဆိုင်မည့် ပထမဆုံး Windows 8 OSကို အသုံးပြုထားသည့် (၇)လက်မအရွယ် Tablet ကွန်ပျူတာငယ်လေး၏ ဓာတ်ပုံကို Amazonက လွှင့်တင် ဖော်ပြခဲ့ပြီး ထို့နောက်တွင်မူ ပြန်လည် ပယ်ဖျက်သွားခဲ့ .... အသေးစား Tablet ကွန်ပျူတာ လောကသို့ Windows 8အသုံးပြု ဝင်ရောက်လာမည့် ပထမဆုံး ကိရိယာလေးဟု ယူဆရသော Acer Iconia W3၏ ပုံကို Amazon ဝက်ဘ်ဆိုက်က မတော်တဆ ဖော်ပြမိခဲ့ကြောင်း သိရှိရသည်။ Apple၏ iPad Miniနှင့် Android OSသုံး Tabletများကို ရင်ဆိုင်မည့် ပထမဆုံး Windows 8 OSကို အသုံးပြုထားသည့် (၇)လက်မအရွယ် Tablet ကွန်ပျူတာငယ်လေး၏ ဓာတ်ပုံကို Amazonက လွှင့်တင် ဖော်ပြခဲ့ပြီး ထို့နောက်တွင်မူ ပြန်လည် ပယ်ဖျက်သွားခဲ့သည်။ ယင်းသည် အသေးစား Tabletငယ် တစ်ခုတွင် Windows 8ကို အသုံးပြုလျှက်သား ပထမဆုံးအကြိမ် တွေ့မြင်လာရခြင်း ဖြစ်သည်။ Microsoft ကော်ပိုရေးရှင်းသည် Tabletဈေးကွက်တွင် iOSနှင့် Androidတို့ လွှမ်းမိုးနေခြင်းကို Windows 8ဖြင့် ဖောက်ဝင်ရန် ကြိုးစားနေသည့် ပထမဆုံး ခြေလှမ်းဟုလည်း ယူဆရသည်။ သို့သော်လည်း Acer၏ လက်ရာဖြစ်သည့် W3မှာ တရားဝင် မိတ်ဆက် ဖော်ပြမှု မပြုရသေးဘဲ ရှိနေပြီး Amazonက မတော်တဆ လွှင့်တင်ပြသမိခြင်း ဖြစ်သည်။ ရေးသားထားသည့် အချက်အလက်အရ 32 GB သိုလှောင်မှု ပမာဏ ဝင်ဆံ့သည့် အဆိုပါ Tabletငယ်လေး၏ ဈေးနှုန်းကို ဒေါ်လာ (၃၇၉.၉၉)ဒေါ်လာ သတ်မှတ်ထားကြောင်းလည်း ရေးသားထားသည်။ ထို့အပြင် Tablet၏ CPUအဖြစ် Intel Atom Dual-Core Processorကို အသုံးပြုထားသည်ဟုလည်း ဖော်ပြထားသည်။ အစောပိုင်းကလည်း ပြင်သစ် နည်းပညာ ဝက်ဘ်ဆိုက်ဖြစ်သော minimachines.netက W3ဟု ယူဆရသည့် ကိရိယာငယ်လေးကို Keyboard တစ်ခုနှင့် ချိတ်ဆက်ထားသည့် ပုံကို ပြသခဲ့သေးသည်။ Microsoftသည် ဈေးကွက်အတွင်းသို့ Windows 8ကို အသုံးပြုထားသည့် အရွယ်အစား အတန်ငယ် ကြီးမားသော ကိုယ်ပိုင် အမှတ်တံဆိပ် Tablet တစ်ခုကိုလည်း စတင်ရောင်းချသွားဖွယ် ရှိနေပြီး ဇွန်လအတွင်း မိတ်ဆက်လာနိုင်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။ Acer၏ W3မှာမူ iPad Mini၊ Kindle Fire HDနှင့် Nexus 7ကဲ့သို့ Tablet အငယ်စားများနှင့် အဓိက အားပြိုင်လာဖွယ် ရှိနေကြောင်း လေ့လာသူများက သုံးသပ်ထားသည်။

From:Myanmar Online News 

No comments:

Post a Comment