Monday 26 September 2016

မျက်နှာပြင်တိုင်းတွင် ရေးလို့ရသည့် ဖရီး ဘောလ်ပင်


ဒီ(ဘောလ်)ပင်ကတော့ ဘယ်မျက်နှာပြင်ပေါ်မှာမဆို ရေးလို့ရတဲ့ ထူးခြားတဲ့ ပင် (pen) ပါ။ ကိုယ်ရေးလိုက်တဲ့စာကို ဖုန်းပေါ် ချက်ချင်း ကူးပြောင်းပေးနိုင်ပါတယ်။ ဒီ ပင် ကို ဖရီး (phree) လို့ခေါ်ပြီး အစ္စရေးကုမ္ပဏီဖြစ်တဲ့ OTM နည်းပညာကုမ္ပဏီက တီထွင်ခဲ့တာပါ။ ဒီကုမ္ပဏီရဲ့တွဲဘက် စီအီးအိုကတော့ ဂျီလတ်လီဒဲရာ ဖြစ်ပါတယ်။ “ဖရီးကို ပုံစံသစ်ထုတ်လုပ်ဖို့ စိတ်ကူးရခဲ့တာပါ။ ဘယ်မျက်နှာပြင်မျိုးပေါ်မှာ စာရေးချင်တာပဲ ဖြစ်ဖြစ် ကိုယ်ရေးချင်တဲ့ ကိရိယာပေါ်မှာ ဒစ်ဂျစ်တယ်မင်နဲ့ ရေးလို့ရအောင် ဖန်တီးထားတာပါ။ ကိုယ်ရေးချင်တဲ့ ကိရိယာက နာရီပဲဖြစ်ဖြစ်၊ ဖုန်းပဲဖြစ်ဖြစ် တီဗွီ ဒါမှမဟုတ် တုပရုပ်မြင်ဖန်ပြင်ပဲဖြစ်ဖြစ် အဲဒီ မျက်နှာပြင်ကို သွားပြီး တို့ထိစရာ မလိုပါဘူး။” မူပိုင်ခွင့်တင်ထားတဲ့ ဒီ ပင်ထိပ်က လေဆာအလင်းဆင်ဆာဟာ သော့ချက်ပါပဲ။ အဲဒီဆင်ဆာက မျက်နှာပြင်ပေါ်က ရွေ့လျားမှုကို သုံးဘက်မြင် ရုပ်လုံးကြွအဖြစ် ထောက်လှမ်းပြီး ရလာတဲ့အချက်အလက်ကို လျှပ်တပြက်အတွင်း ဘလူးတုသ် (Bluetooth) ကိရိယာဆီကို ပေးပို့ပါတယ်။ ပြီးရင် ဒီလက်ရေးကို မိုက်ကရိုဆော့ဖ် ၀ါ့ဒ်ဖောင့်အဖြစ်ပြောင်းပြီး အချင်းချင်းဖြန့်ဝေပေးပါတယ်။ “တိကျမှုကတော့ အမြင့်ဆုံးပဲ။ တလက်မပတ်လည်ကို အစက်ပေါင်း ၂ ထောင် ခြယ်ပေးနိုင်တယ်။ လိုတာထက်တောင် ပိုနေသေးတယ်။ ဒီ ဖရီးပင်ကို သုံးတဲ့လူတွေက ခဲတံနဲ့ ရေးရသလိုပဲတဲ့။ သိပ်ကို သဘာဝကျလို့တဲ့လေ။ ဒီတော့ ဒီ ပင်ကို ဘောလ်ပင်လို၊ ခဲတံလိုမျိုး စာရေးလို့ရပါတယ်။” လုပ်ငန်းစတင်ဖို့အတွက် လူထုရင်းနှီးမတည်ငွေ ရှာဖွေရာမှာ ခုဆိုရင် မတည်ငွေ ဒေါ်လာ ၁ သိန်း ရရှိသွားပါပြီ။ လိုအပ်တာထက်ကို အများကြီး ကျော်လွန်တဲ့ပမာဏပါ။ နောက်နှစ်မှာ ဖြန့်ချိတော့မယ့် ဒီ ဖရီးပင် တခုကို ဒေါ်လာ ၂၀၀ ကျသင့်မှာ ဖြစ်ပါတယ်

No comments:

Post a Comment