Monday 26 September 2016

တရုတ်နိုင်ငံမှ ကိုယ်တိုင်လုပ် လျှပ်စစ်ကား

တရုတ်နိုင်ငံ၊ ချန်ဒူးမြို့က တက္ကသိုလ်ကျောင်းသားတဦးဟာ ယွမ်ငွေ ၃၅၀၀ (အမေရိကန်ဒေါ်လာ ၅၅၀) အကုန်အကျခံပြီး ကိုယ်တိုင်လုပ်လျှပ်စစ်ကားကိုတီထွင်ခဲ့တယ်လို့ တရုတ်ပြည်သူ့နေ့စဉ်သတင်းမှာ ဖော်ပြပါတယ်။ အဲဒီကျောင်းသားဟာ ထုတ်လုပ်မှု ဒီဇိုင်းဘာသာရပ်ကို အထူးပြု ယူထားခဲ့တာဖြစ်ပြီး ကားကိုထုတ်လုပ်ဖို့ အချိန် ၃ လ ကြာခဲ့တယ်လို့ ဆိုပါတယ်။ ၂ မီတာအရှည်ရှိပြီး ၁၀၀ ကီလိုဂရမ်ကျော် အလေးချိန်ရှိတဲ့ အဲဒီကားကို လူတဦးတည်းသာ စီးနင်း မောင်းနှင်နိုင်မှာဖြစ်ပြီး ကိုက် ၄၀ ကျော်ခရီးကို မောင်းနှင်နိုင်စွမ်း ရှိပါတယ်။ ကားတွင်းအသုံးပြုထားတဲ့ ဘက်ထရီကို တနာရီအားသွင်းထားပြီးရင် တနာရီ ပြန်အသုံးပြုနိုင်မှာဖြစ်ပြီး ကားတီထွင်ရာမှာ အသုံးပြုတဲ့ အစိတ်အပိုင်းတွေကိုတော့ တရုတ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အွန်လိုင်းပလက်ဖောင်းတခုဖြစ်တဲ့ Tabao.com က ၀ယ်ယူခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

credit: DVB

No comments:

Post a Comment