စူပါ ကွန်ပျုတာ (Supercomputer) သည် စွမ်းဆောင်နိုင်မှု အထူးသဖြင့် မြန်ဆန်ရာတွင် ထိတ်တန်း အဆင့်ရှိသော ကွန်ပျုတာတစ်ခုဖြစ်သည်။ စူပါ ကွန်ပျုတာ ကို ၁၉၆၀ ခုနှစ်များမှစ၍ Control Data Corporation (CDC) မှ Seymour Cray ကစတင် တီထွင်ခဲ့ပြီး ၁၉၇၀ ခုနှစ်များတွင် စတင် ရောင်းချ သည်။ ထိုနောက် Cray Research ဟု ကိုယ်ပိုင် company ထောင်ခဲ့သည်။ သူသည် စူပါ ကွန်ပျုတာ ဈေးကွက်တွင် သူ၏ သစ်ဆန်းသော ဒီဇိုင်းများဖြင့် ငါးနှစ်ကြာ (၁၉၈၅ - ၁၉၉၀) စိုးမိုးခဲ့သည်။ ၁၉၈၀ များတွင် မီနီ ကွန်ပျုတာများ ပေါ်ပေါက်လာခြင်းနှင့်အတူ ပြိုင်ဖတ် ကုမ္ပဏီငယ်လေးများ ပါဝင်လာခဲ့သည်။ သို့သော် ၁၉၉၀ အလယ်လောက် "စူပါကွန်ပျုတာ ဈေးကွက် ပျက်ခြင်း"တွင် ၄င်း ကုမ္ပဏီများ ပျောက်သွားသည်။
ယခုအခါတွင် စူပါ ကွန်ပျုတာ များမှာ ၄င်းပျက်သွားသော ကုမ္ပဏီများကို ဝယ်ယူကာ Cray, IBM, Hewlett-Packard company များမှ ကိုယ်ပိုင် ဒီဇိုင်းပြောင်းယူကာ ထုတ်လုပ်ခြင်းပင်ဖြစ်သည်။ ၂၀၁၀ ခုနှစ် အောက်တိုဘာလတွင် တရုတ်နိုင်ငံရှိ ထျဲန်းဟော် အမှတ် ၁ မှာ ကမ္ဘာပေါ်တွင် တွက်ချက်နှုန်း အမြန်ဆုံး စူပါကွန်ပျုတာ ဖြစ်လာသည်။

Ref:Wiki
Aung Swe
No comments:
Post a Comment