Monday, 19 September 2016

ဆီလီကွန် ဗယ်လီ

ဆီလီကွန် ဗယ်လီ ဆိုသည်မှာ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်း ဆန်ဖရန်စ္စကို ပင်လယ်အော်ဒေသကို ရည်ညွှန်းခေါ်ဆိုသော အသုံးအနှုန်း ဖြစ်သည်။ ထိုနေရာသည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော နည်းပညာနှင့် သက်ဆိုင်သည့် ကော်ပိုရေးရှင်းများ တည်ရှိသော ဒေသ ဖြစ်သည်။ ထိုအသုံးအနှုန်းသည် မူလက ဒေသတွင်းရှိ များပြားလှစွာသော ဆီလီကွန်ချစ်ပ်များကို တီထွင်သူ များနှင့် ထုတ်လုပ်သူများကို ရည်ညွှန်းခေါ်ဆိုခြင်း ဖြစ်သည်။

 သို့သော်လည်း နောက်ပိုင်းတွင် ထိုဒေသအတွင်းရှိ ဟိုင်းတက်ခ် စီးပွားရေးလုပ်ငန်းများကို ရည်ညွှန်း ခေါ်ဝေါ်ကြသည်။ ယခုအခါတွင် အမေရိကန်ပြည်ထောင်စု၏ ဟိုင်းတက်ခ် စီးပွားရေး လုပ်ငန်းများကိုလည်း ဆီလီကွန်ဗယ်လီဟု ရည်ညွှန်းသုံးနှုန်းလေ့ ရှိကြသည်။ အမေရိကန် ပြည်ထောင်စုနှင့် ကမ္ဘာပေါ်ရှိ အခြားနေရာများတွင် ဟိုင်းတက်ခ် စီးပွားရေး အချက်အချာဌာနများ ပေါ်ပေါက်လာကြသော်လည်း ဆီလီကွန် ဗယ်လီသည် အမေရိကန် ပြည်ထောင်စုရှိ စွန့်စားလုပ်ကိုင်သော စီးပွားရေးလုပ်ငန်းများ၏ သုံးပုံ
တစ်ပုံမျှသော ရင်းနှီး မြုပ်နှံမှုကို ကိုယ်စားပြုနေဆဲပင် ဖြစ်သည်။
ပထဝီ အနေအထားအားဖြင့် ဆီလီကွန်ဗယ်လီတွင် ဆန်ဂျိုစ်မြို့အပါအဝင် ဆန်တာကလာရာ တောင်ကြား ဒေသ တစ်ခုလုံး၊ တောင်ပိုင်း ကျွန်းဆွယ်နှင့် တောင်ပိုင်း အရှေ့ဘက် ပင်လယ်အော်ဒေသတို့ ပါဝင် ကြသည်။ ဆိုသည်မှာ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်း ဆန်ဖရန်စ္စကို ပင်လယ်အော်ဒေသကို ရည်ညွှန်းခေါ်ဆိုသော အသုံးအနှုန်း ဖြစ်သည်။ ထိုနေရာသည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော နည်းပညာနှင့် သက်ဆိုင်သည့် ကော်ပိုရေးရှင်းများ တည်ရှိသော ဒေသဖြစ်သည်။ ထိုအသုံးအနှုန်းသည် မူလက ဒေသတွင်းရှိ များပြားလှစွာသော ဆီလီကွန်ချစ်ပ်များကို တီထွင်သူများနှင့် ထုတ်လုပ်သူများကို ရည်ညွှန်းခေါ်ဆိုခြင်း ဖြစ်သည်။ သို့သော်လည်း နောက်ပိုင်းတွင် ထိုဒေသအတွင်းရှိ ဟိုင်းတက်ခ် စီးပွားရေးလုပ်ငန်းများကို ရည်ညွှန်းခေါ်ဝေါ်ကြသည်။

ယခုအခါတွင် အမေရိကန် ပြည်ထောင်စု၏ ဟိုင်းတက်ခ် စီးပွားရေး လုပ်ငန်းများကိုလည်း ဆီလီကွန် ဗယ်လီဟု ရည်ညွှန်းသုံးနှုန်းလေ့ ရှိကြသည်။ အမေရိကန် ပြည်ထောင်စုနှင့် ကမ္ဘာပေါ်ရှိ အခြား နေရာ များတွင် ဟိုင်းတက်ခ် စီးပွားရေး အချက်အချာဌာနများ ပေါ်ပေါက်လာကြသော်လည်း ဆီလီကွန် ဗယ်လီသည် အမေရိကန် ပြည်ထောင်စုရှိ စွန့်စားလုပ်ကိုင်သော စီးပွားရေးလုပ်ငန်းများ၏ သုံးပုံ တစ်ပုံမျှ သော ရင်းနှီး မြုပ်နှံမှုကို ကိုယ်စားပြုနေဆဲပင် ဖြစ်သည်။ ပထဝီ အနေအထားအားဖြင့် ဆီလီကွန် ဗယ်လီ တွင် ဆန်ဂျိုစ်မြို့အပါအဝင် ဆန်တာကလာရာ တောင်ကြားဒေသ တစ်ခုလုံး၊ တောင်ပိုင်း ကျွန်းဆွယ်နှင့် တောင်ပိုင်း အရှေ့ဘက် ပင်လယ်အော်ဒေသတို့ ပါဝင်ကြသည်။

Ref:Wiki
Posted by Aung Swe

No comments:

Post a Comment