ပုံအဖြစ်လုပ်ထားတာ မုတ်ပါဘူး။ အမေရိကန်နိုင်ငံက နည်းပညာ ပြပွဲ တစ်ခုမှာ တကယ်ပြသသွားတဲ့ နည်းပညာ ဖြစ်ပါတယ်။
တကယ်ပဲ ထိုင်စရာခုံ၊ သုံးစရာ ကွန်ပြူတာ တပ်ဆင်ထားပြီး စက်ပစ္စည်း စုံလင်စွာနဲ့ ထောက်ပံ့ထားပေးမှာ ဖြစ်ပါတယ်။ အကြော ကိုက်ခဲမှု မရှိအောင် နှိပ်ပေးမယ့် ခုံဖြစ်ပြီး လေအေး၊လေသန့် ရစေမယ့် စနစ်လည်း ပါပါတယ်။ ကွန်ပြူတာ တစ်လုံးမှ ၄ လေး လုံး လောက်ထိ လိုသလို အဖြုတ်အတပ်ပြုလုပ်နိုင်ပြီး ထိုင်ချင်တဲ့ Position နဲ့ ထိုင်လို့ ရပါတယ်။
Emperor 200 လို့အမည်ပေးထားတဲ့ ယင်း Work Station ကို ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၄၉၅၀၀ ဝန်းကျင်နဲ့ ယခု နှစ် အတွင်း ရောင်းချသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
From:Stuff Myanmar Magazine
No comments:
Post a Comment