Monday, 19 September 2016

ဖန်သားမျက်နှာပြင်နှစ်ဖက်နှင့် Laptop Aurus



ကီးဘုတ်နေရာအစား ဖန်သားမျက်နှာပြင်အစားဝင်လာမယ့် Laptop မျိုး တော်တော်များများ စိတ်ကူး မိကြမှာပါ။ Indiegogo အမည်ရ ဝဘ်ဆိုဒ်မှာ တကယ်ဖြစ်လာတော့မယ်ဆိုပြီး ပုံပါ Laptop ကိုဖော်ပြလိုက် ပါတယ်။ Dual Screen ၁၀.၁ လက်မ အရွယ် ၂ခု တပ်ဆင်ပြီး အတွင်း specification များလည်း တကယ် မြင့်ပါတယ်။ Full HD မျက်နှာပြင်တပ်ဆင်ပြီး ကင်မရာ resolution လည်း 8 megapixel ရှိမယ်လို့ ဆိုပါတယ်။ RAM 2GB ရှိပြီး Storage 1TB တောင် ရှိပါတယ်။ နည်းတဲ့ သိမ်းဆည်းနိုင်မှု စွမ်းအား မဟုတ်ပါဘူး။ ဂိမ်းဆော့လို့ကောင်းမယ်။ HD ရုပ်ရှင်များ စုစည်းထားနိုင် မယ့် ကွန်ပြူတာ တစ်လုံး ဖြစ်ပြီး မျက်နှာပြင် ၂ ဖက်မှာ ကြိုက်တဲ့ဖက် အသုံးပြု နိုင် ပါတယ်။ USB ပေါက်များ၊ DVD Room ၊ Wi-Fi, Bluetooth တို့ပါ အစုံအလင် Built in ပါရှိမယ့် ယင်းကွန်ပြူတာကို တစ်နှစ်အတွင်း ထုတ်လုပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

From:TechSpace Journal

No comments:

Post a Comment