Monday, 19 September 2016

ဆံပင်ညှပ်ဆရာ၏လက်လုပ်လေယာဉ်

ဆံပင်ညှပ်ဆရာ၏လက်လုပ်လေယာဉ်ပျံ တရုတ်ကောင်းကင်ယံတွင် ရှားရှားပါးပါး ပျံသန်းခွင့်ပြု


ဧရာမဆိုက်ကြီး လျှပ်စစ် သင်တုန်းဓားကဲ့သို့ မြည်ဟည်းနေ သောဆံပင်ညှပ်ဆရာဝမ်ချန်း၏ အိမ်လုပ် လေယာဉ်ငယ်လေးက ကျယ်ပြောသည့် ကောင်းကင်ပြာ ကြီးထဲသို့ ထိုးတက်ပျံသန်းခြင်း မပြုမီ မြက်ခင်းပြင် လေးပေါ်တွင် အရှိန်နှင့်ပြေးကာ အားယူနေသည်။ ယင်းမှာ တရုတ်အာဏာပိုင်များ ကခွင့်ပြုခဲ့သော ရှားရှား ပါးပါးပျံ သန်းမှုတစ်ခုဖြစ်သည်။

တရုတ်နိုင်ငံအရှေ့ပိုင်း ကျယ်ကျန်းပြည်နယ်ရှိ ဆံညှပ်ဆိုင်တစ်ခုမှာ ဝမ်သည် နေ့ခင်းပိုင်း၌ဆံပင်ညှပ် ခြင်း၊ ပုံသွင်းခြင်းများ ပြုလုပ်ရသည်။ သို့သော် ညနေ ပိုင်းများတွင် ခနော်နီခနော်နဲ့ တစ် ယောက်ထိုင် လေယာဉ်လေးကို ပြုလုပ်တော့သည်။ ဝမ်သည် ကိုယ့် ဘာသာကိုယ် လယာဉ်ပြုလုပ်သူအနည်းစုထဲက တစ်ဦးဖြစ်သည်။

ခန့်မှန်းချက်များက ၎င်းတို့၏အရေအတွက်က ၂၀၁၀ ပြည့် နှစ်နီးပါးရှိသည်။ သို့သော်လည်း တရုတ် ပုဂ္ဂလိက လေယာဉ်ပိုင် ဆိုင်သူအရေအတွက်မှာ ကြီး ထွားလာပြီး နိုင်ငံ၏လေပိုင် နက်အားလုံးနီးပါး ပျံသန်းခွင့် ပိတ်ပင်ထားသော ကန့်သက် ချက်များကိုစိန်ခေါ်ရန် ၎င်းတို့ အချင်းချင်းစုဖွဲ့လျက်ရှိသည်။

ဝမ်သည် ၎င်းလေယာဉ် ကိုပြုလုပ်ရာတွင် ဖရိန်ကို စ တိန်းလက်စ်စတီး သုံးသည်။ ဘီးများကို မော်တာပါ ဘီးတပ် ကုလားထိုင်မှ ယူသည်။ ထိုင် ခုံကို ပြိုင်ပွဲဝင် ယာဉ်အပျက်များ မှ မွှေနှောက်ရှာဖွေယူရသည်။ လေယာဉ်ပြီးစီးရန် ရှစ်လအ ချိန်ယူခဲ့ရပြီး ယွမ် ၃၀၀၀၀ (ဒေါ်လာ၅၀၀၀) ကုန်ကျခဲ့သည် ဟုသိရသည်။ ၎င်း လေယာဉ်က ပင်လယ်မျက်နှာပြင်အထက် အ မြင့်မီတာ ၃၅၀ဝအထိပျံတက် နိုင်ပြီး တစ်နာရီလျှင် ကီလိုမီ တာ၉ဝနှုန်းမောင်းနှင်နိုင်သည် ဟု ဝမ်ကပြောသည်။

''ကောင်းကင်တွေထဲမှာ ပျော်ရွှင်ဖို့ ပျံသန်းမောင်းနှင်ရ တာကို နှစ်သက်ခံစားနိုင်ဖို့ အ စိုးရက ကျွန်တော်တို့ ကို နောက် ထပ် နေရာကျယ်ကျယ်ပေးစေလို ပါတယ်''ဟု ဝမ်က ပြောသည်။

တရုတ်နိုင်ငံအတွင်း မွန်ဂို လီးယားပြည်နယ်Hexigten Bannr ရှိ မြစ်ဝန်းတစ်ခုတွင် အ လွန်သေးငယ် ပေါ့ပါးသော လေယာဉ်များ၊ မော်တာတပ် ဂလိုက်ဒါယာဉ်များအပါအဝင် ပုဂ္ဂလိကလေယာဉ် ၂၀ ခန့်ပျံ သန်းပြခဲ့ကြသည်။ ယင်းမှာ ပုဂ္ဂလိကပိုင်လေယာဉ်များ၏ ပထမဆုံးပြပွဲဖြစ်ပြီး စီစဉ်သူများ က အာဏာပိုင် များထံမှ အ ထူးခွင့်ပြုချက်ရယူပြီး ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။

Ref:Yangon Media Group
Posted By Aung Swe

No comments:

Post a Comment