Motorola မှ သစ်သားဖုန်းထုတ်မည်
ဂျပန်ကုမ္မဏီတစ်ခုက သစ်သားဖုန်းပါဆိုပြီး concept တစ်ခုအနေနဲ့ပဲ ပြသခဲ့ တာပါ။ အမေရိကန်မှ Motorola ကုမ္မဏီကတော့ တကယ် ထုတ်လုပ် တော့ မှာ ဖြစ်ပါတယ်။
Motorola X လို့အမည်ပေးထားတဲ့ ဖုန်း ဖြစ်ပြီး ကိုယ်ထည်တစ်ခုလုံကို သစ်သားနဲ့ တည်ဆောက်မှာ ဖြစ်ပါတယ်။ မျက်နှာပြင်ကတော့ Touch Screen ပါ။ သစ်သားဆိုပေမယ့် အလူမီနီယမ် ဘော်ဒီ၊ ကော တို့ထက် ပိုမို သန်မာပြီး အကြမ်းလည်းခံနိုင်အောင် စီမံထားမှာ ဖြစ်ပါတယ်။ သတ္တုပစ္စည်း တို့ကို အသုံးပြုခြင်းက အနာဂတ်မှာ သယံဇာတ များ ထိခိုက်၊ ဆုံးရှုံး စေပါ တယ်ဆိုပြီး သစ်သားနဲ့ လုပ်တဲ့ အီလက်ထရောနစ် ပစ္စည်းများကို Revolution တစ်ခုအနေနဲ့ ကြိုးစား ဖန်တီးယူနေကြတဲ့ ခေတ်ကာလ တစ်ခု ဖြစ်ပါတယ်။
ဒီတော့ Motorola ကလည်း သစ်သားနဲ့ ပြုလုပ်တဲ့ ပစ္စည်းတွေ ထွက် လာ အောင် ကြိုးစားတာ အတော်လေးကြာပါပြီ။ ယခုမှ လူ အများ သိအောင် ထုတ်ပြန်ကြေညာခြင်း ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ထူးခြား ဆန်းသစ်နဲ့ ဒီဇိုင်းနဲ့ သစ်သားကိုယ်ထည်သုံး အဆင့်မြင့် စမတ်ဖုန်း များကို ထုတ်လုပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
Ref: TechSpace Journal
Posted By Aung Swe
No comments:
Post a Comment