Monday, 19 September 2016

အိပ်(ခ်ျ)ဒီတီဗီ HDTV


အိပ်(ခ်ျ)ဒီတီဗီ HDTV (high definition television) မှာ digital signal ဖြင့် ထုတ်လွှင့်နိုင်မည့် မျိုးဆက်သစ် တယ်လီဗီးရှင်း ထုတ်လွှင့်မှုစနစ်ဖြစ်သည်။ ၄င်း၏ အရည်အချင်းအသစ်များမှာ အရုပ်အသံ အရည်အသွေး ပိုမိုကောင်းမွန်ခြင်း၊မူရင်း အရည်အသွေးအတိုင်း မပျက်မစီးဘဲ လွှင့်ထုတ်နိုင်ခြင်း၊ မူကွဲ ဘာသာ စကားသံများ၊ စာတန်းထိုးများ အစရှိသော အချက်အလက်များကို ရုပ်သံနှင့်အတူ ပူးတွဲ ထုတ်လွှင့် နိုင်ခြင်းတို့ ဖြစ်သည်။

အိပ်(ခ်ျ)ဒီတီဗီ သို့ ပြောင်းလဲအသုံးပြုခြင်းကို ရာစုသစ်၏ ရုပ်သံ ဆက်သွယ်မှုစနစ်အဖြစ် တွေ့မြင် ကြရသည်။ ရုပ်သံ ထုတ်လွှင့်မှု လုပ်ငန်းနှင့် နီးစပ်သူများသည် အိပ်(ခ်ျ)ဒီတီဗီ ဟူသော ဝေါဟာရကို ၁၉၈ဝ ပြည့်လွန်နှစ်များ ကတည်းက ကြားဖူးခဲ့ကြပေသည်။ လူအများစုကတော့ ၁၉၉၈ ခုနှစ်တွင် အီလက် ထရောနစ် ကုမ္ပဏီကြီးများ အချင်းချင်း ကျယ်ကျယ် ပြန့်ပြန့် ကြော်ငြာနည်းပညာ စီးပွားရေးတိုက်ပွဲများ ဖြစ်ပွားပြီး ပွဲဆူခါမှ သိခွင့်ရကြသည်။

တယ်လီဗီးရှင်းကို စတင် တီထွင်စက အမည်းရောင်ပုံးကြီး နှင့် အဖြူ အမည်း ဖန်သားပြင် ခပ်သေးသေး အဆင့်သာ ရှိခဲ့ပြီး မကြာခင်ဖန်သားပြင်အရွယ်အစားများ ကြီးလာခဲ့ပြီး အရောင်စုံစနစ် ပါ ဖြစ်ထွန်း လာခဲ့သည်။ ထို့နောက် ဈေးကွက်တွင် ဖန်သားပြင် ကြီးမား ကျယ်ပြန့်သော ရောင်စုံရုပ်မြင်သံကြားစက်များ အလွန်ပင် ခေတ်စားလာခဲ့သည်။ ထိုစဉ်က တယ်လီဗီးရှင်း နည်း ပညာ ဖွံဖြိုးမှု ရပ်တန့်သွားပြီဟု ထင်မှတ် ခဲ့ကြပြီး ဖန်သားပြင် ကြီးမားမှုသည် အရည်အသွေး ပိုမိုကောင်းမွန်မှု မဟုတ်ကြောင်း သတိမထား မိခဲ့ကြပေ။ ပုံမှန် ရ SDTV (standard television) တွင် အလျားလိုက် ပုံဖတ်လိုင်း ၅၂၅ လိုင်းသို့မဟုတ် ၆၂၅ လိုင်းအထိသာရှိပြီး ဖန်သားပြင်ကြီးလေ ပုံဖတ်လိုင်းများ scan line များ ကြီးလာလေ ဖြစ်ကြောင်း တွေ့ရှိလာခဲ့ကြပြီး ပိုမိုကောင်းမွန်သော နည်းပညာကို အဆင့်ဆင့်ရှာဖွေကာ ပုံဖတ်လိုင်း ၁ဝ၈ဝ လိုင်းအထိ ရသော စနစ်တစ်ခုကို တီထွင်လာနိုင်ကြကာ၎င်းကို high definition television (HDTV) ဟု အမည်ပေးခဲ့ကြသည်။ ၄င်းမှာ ပုံမှန်စနစ်ထက် နှစ်ဆ ကောင်းမွန်သော အရည်အသွေး ဖြစ်၏။


ရုပ်သံနည်းပညာတွင် interlacing scan နှင့် prograssive scan ဟူသော နည်းပညာ ၂- ခု ရှိ၏။ လက်ရှိ ရုပ်မြင်သံကြား စက်အားလုံးမှ nterlacing scan type များဖြစ်ကြပြီး prograssive scan type မှာ computer monitor များ ဖြစ်ကြသည်။ ပညာရှင်များ၏ အဆိုအရ interlacing မှာ အရည်အသွေးနိမ့် ရုပ်သံဖမ်းစက်များတွင် အသုံးပြုလေ့ ရှိကြသည်ဟု မှတ်ယူရ၏။ အိပ်(ခ်ျ)ဒီတီဗီ မှာလည်းပုံဖတ်လိုင်း ၁ဝ၈ဝ လိုင်းကို interlacing စနစ်ဖြင့် ဖော်ပြရသော်လည်း ပိုမိုကြည်လင်ပြတ် သား၍ အနုစိတ်သော ပုံဖတ်အား ကို ရစေသည်ဟု ဆို၏။ အိပ်(ခ်ျ)ဒီတီဗီ ၏ရုပ်သံထုတ်လွှင့်မှုစနစ်မှာ wide screen format ဖြစ်၏။ ၁၆း ၉ ကျယ်ပြန့်မှု အချို့ကို ကိုယ်စားပြု၏ SDTV က ၄း ၃ အချိုးသာရှိပြီး မျက်နှာပြင်အလျားက အမြင့်ထက် ၃၃ ရာခိုင်နှုန်းပိုသည်ဟုတွက်ချက်ရသည်။ အိပ်(ခ်ျ)ဒီတီဗီ အလျားက အမြင့်ထက် ရ၅ % ပိုရှည်သည်ဟု ညွှန်းဆို ခြင်း ဖြစ်၏။ ၁၆း ၉ အချိုးက ပုံမှန်လူသားတစ်ယောက် မျက်စိမှမြင်ရသော အမြင့်နှင့် အလွန် နီးစပ်ကြောင်း တွေ့ရ၏။ ထို့ကြောင့် ၁၆း ၉ အချိုးက သဘာဝနှင့် ပိုတူသည်ဟုခံစားကြရ၏။ ရုပ်သံလွှင့် ဌာနမှ တည်းဖြတ်သူများ အနေဖြင့် ၁၆း ၉ အချိုးကို ၄း ၃ အဖြစ်ပြောင်းလဲပုံ ၃ မျိုး ရှိ၏။ တစ်မျိုးမှာ အရုပ်ကို အလျားလိုက် ဆွဲချုံလိုက်ခြင်းဖြစ်၏။ ထိုနည်းက ရုပ်ပုံများကို ရှည်သွားစေ၏။ ၄င်းပုံစံ ကို ၁၉၇ဝ ဝန်းကျင်က အနောက်တိုင်းရုပ်ရှင်များကို တီဗီတွင် ထုတ်လွှင့်သည့်အခါ အသုံးပြုခဲ့သည်။ ဒုတိယနည်းက ၁၆း ၉ အရုပ်၏ ဘယ်နှင့် ညာဘက်အသားများ ဖြတ်ထုတ်ပစ်လိုက်ခြင်း ဖြစ်သည်။ အများစုက ထိုနည်းကို အသုံးပြုကြ၏။ တတိယနည်းကို cinemascope ဟုခေါ်သည်။ ထိုနည်းက မူရင်းအချိုးမပျက်စေဘဲ အပေါ်အောက်အသားနှစ်ခုကို အမည်းရောင် စတုဂံများဖြင့် ပိတ်လိုက်ခြင်း ဖြစ်၏။ ပုံမှန် တီဗီများတွင် ရုပ်ရှင်ကားများ ကြည့်ရှုရခြင်းကအထက်ပါ ၃ နည်းစလုံးဖြင့် ကြည့်ရှု၍ရသော်လည်း တစ်ခုခု လိုအပ် နေသည်ဟုခံစားရပြီး ၁၆း ၉ အိပ်(ခ်ျ)ဒီတီဗီ ပေါ်လာသည့် အခါ လိုအပ်ချက်များ ရှိစေတော့ဘဲ မူရင်း အချိုးအတိုင်း၊ ထုတ်လွှင့်မှုအတိုင်း ဖမ်းယူ ကြည့်ရှုနိုင်ကြတော့သည်။ အိပ်(ခ်ျ)ဒီတီဗီ format ခေတ်စားလာချိန်တွင် wide screen tube များ ထုတ်လုပ်နိုင်ရန် ပြောင်းလဲပစ်ရမည် ဖြစ်သည်။



သဘာဝဆန်သောဒစ်ဂျစ်တယ် အသံ

ယခုခံစားနေသော အသံထုတ်လုပ်မှုစနစ်မှာတတိယမျိုးဆက်ဖြစ်၏။ Monophonic ခေါ် အသံတစ်လိုင်း ထွက် ခေတ်က ပထမမျိုးဆက် ဖြစ်၏။ ၁၉၅ဝ-ပြည့်တွင် သောမတ်စ် အယ်ဒီဆင်က phonograph စနစ်ကို တီထွင်အောင်မြင်သော အချိန်တွင် ဒုတိယမျိုးဆက် ဖြစ်ပေါ်လာ၏။ ထိုအချိန်အထိ အသံနှင့် ပတ်သက်သော ရည်မှန်းချက်များက မူရင်း အသံနှင့် ထပ်တူကျရေး၊ အသံအရည်အသွေး ကောင်းမွန် ရေးကိုသာ အဓိက အာရုံစိုက်ကြပြီး အသံ၏လားရာနှင့်ပတ်သက်သော ဂုဏ်သတ္တိများ directional properties ကို မည်သူကမျှ မတွေးမိကြချေ။ ၁၉၅ဝ ပြည့်နှစ်တွင် စတီရီယိုခေတ် ပေါ်ပေါက်လာသောအခါ နှစ်လေးဆယ်အတွင်း အကြားအာရုံ သာယာခံစားမှုကို ပြည်သူအများ ထူးခြားစွာ ရရှိလာကြသည်။ တီးခတ်သော တူရိယာများ၏ အသံ၊ အဆိုရှင်၏အသံကို ဆောင်းဘောက်များ နေရာချထားမှုနှင့် လိုက်၍ အရှေ့ အနောက် ဘယ်ညာ အသံသွားလာမှုကို ခံစားရစေ၏။ ရေဒီယိုထုတ်လွှင့်မှု ဌာနများက ၄င်းပြောင်းလဲမှုကို ချက်ချင်းလုပ်ဆောင်ကြရန် ကြိုးစား အားထုတ်ခဲ့ကြသော်လည်း ၁၉၈ဝ ပြည့်နှစ်မှ စတီရီယို စနစ်ဖြင့် ရေဒီယိုထုတ်လွှင့်မှုကို စတင်နိုင်ခဲ့ကြသည်။ ထိုအချိန်က စတီရီယိုရေဒီယို ဖမ်းစက်များမှာ ဈေးကြီးရှားပါးခဲ့သော်လည်း ယခုအချိန်တွင် အများသုံး ဖြစ်ခဲ့ချေပြီ။ စတီရီယို အသံထွက် စနစ်တွင် ဆွဲဆောင်မှုရှိသော သဘာဝအသံများ ဖြစ်ပေါ်စေရန်မှာ fragile soniccues ဟုခေါ်သော ထိန်းချုပ်မှုစနစ်ဖြစ်ပြီး ရိုးရိုးစပီကာ အများစုမှာ ၄င်းစနစ်ကို အလွယ်တကူ ဖျောက်ပစ်တတ်ကြပြီး ရောထွေးသော အသံများကိုသာ ထုတ်ပေးတတ်ကြသည်။ ၄င်းကိုကျော်လွှားရန်အတွက် အသံ အင်ဂျင် နီယာများ ပူးပေါင်းပြီး ဆရောင်းဒ် (surround) စနစ်ကို တီထွင်ခဲ့ကြသည်။ ဆရောင်းဒ် အသံ နည်းပညာ မှာခိုင်မာစိတ်ချရပြီး တည်ငြိမ်မှု ရှိသောလားရာမျိုးစုံသို့ အသံထုတ်လွှတ်ပေးနိုင်သော နည်းပညာ ဖြစ်သည်။ Surround ၏ အခြေခံစည်းမျဉ်းမှာ ၅.၁ channel ဖြစ်ပြီး အရှေ့၊ ဘယ်၊ ညာ အလယ်၊အနောက်နှင့် ဘယ်ညာဟိန်းသံအပါအဝင် ပေါက်ကွဲမှုစသော ထုထည်ကြီးမားသည့် bass အသံများ ထုတ်လွှင့်ရာ 3Hz မှ 120 Hz frequency range ကျဉ်းမြောင်းသော (.1) ခေါ် channel တစ်ခုပါဝင်၏။ အိပ်(ခ်ျ)ဒီတီဗီ စနစ် မဟုတ်သော ဒစ်ဂျစ်တယ် ၅.၁ အသံစနစ်ကို ရုပ်ရှင်ရုံများနှင့် အိမ်သုံး ဖျော်ဖြေရေး စနစ်များတွင်သာ တွေ့ရပြီး လက်ရှိအခြေအနေအထိ ၅.၁ surround ဖြင့် ထုတ်လွှတ်နိုင်သော ရုပ်သံလိုင်း တစ်ခုမျှ မရှိသေးချေ။ လက်ရှိ ရုပ်သံလွှင့်ဌာနများ၏ အခြေခံစက်ပစ္စည်း အနေအထားများအား surround ထုတ်လွှင့်နိုင်ရန်အထိ ပံ့ပိုးရန်မှာ အလွန်ကျယ်ပြန့်ကြီးမားသော ငွေကြေးနှင့် နည်းပညာ လိုအပ်နေ သေးသည်။ တစ်နည်းအားဖြင့် လက်ရှိ စီဒီချပ်များ အတွင်းသို့ surround စနစ် ပါဝင်သော အသံများကို သိမ်းဆည်းရန်မှာ format ပြောင်းလဲခြင်း မပြုဘဲ rawFormat အဖြစ် သိမ်းဆည်းရန်မဖြစ်နိုင်သည်လည်း ပါသည်။ သို့သော် အသံဘက်က မကြည့်ဘဲ အရုပ်ဘက်က သုံးသပ်ကြည့်လျှင် အကယ်၍ အိပ်(ခ်ျ)ဒီတီဗီ စနစ်ဖြင့်ထုတ်လွှင့်နိုင်သည် ဆိုဦးတော့အရုပ်နှင့် တွဲဖက်ရမည့် surround အသံအား မူရင်းအတိုင်း ရနိုင်သည့် loseless compression အဖြစ် မဟုတ်ဘဲ မူရင်း၏ ၁ဝ ရာခိုင်နှုန်း ကျုံ့သွားသည်အထိ ချုံ့ပစ်ရမည့် lossy compression ဖြင့်သာ တွဲဖက်၍ ရပေမည်။ Lossy နှင့် loseless နှစ်ခုအကြား အငြင်းပွားစရာ ရှိသော်လည်း လူ့နား၏ အာရုံခံစားမှု များစွာ မကွာခြားသည်ကိုလေ့လာ တွေ့ရှိ ရသော ကြောင့် အိပ်(ခ်ျ)ဒီတီဗီ ကို lossy compression sound ဖြင့် တွဲဖက်ထားပါစေဦး။ ၄င်းကို အဆင့်မြင့် ရုပ်သံစနစ်တစ်ခုအဖြစ် သတ်မှတ်၍ ရသည်ဟု ညွှန်းကြပေသည်။

အိပ်(ခ်ျ)ဒီတီဗီ စနစ်တွင် အခြားတွဲဖက်ထားသောအချက်အလက်သိမ်းဆည်းမှုများ ပါဝင်၏။ အိပ်(ခ်ျ)ဒီတီဗီ က အထူးအားဖြင့် ရုပ်သံ အရည်အသွေးကို ကိုယ်စားပြုသော်လည်း digital signal များ၏ သဘာဝအရ အခြား data channel များဖြစ်သော စာတမ်းများ၊ software downloadlink များ ပါဝင်နိုင်ပေသည်။ အင်တာနက်တွင် အိပ်(ခ်ျ)ဒီတီဗီ စနစ် မဖြစ်ထွန်းနိုင်ဟု ယူဆကြသော်လည်း အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီများက ယခုကတည်းက အိပ်(ခ်ျ)ဒီတီဗီ file များတွင် ပါဝင်သော supplementry data များကို ဆွဲချယူနိုင်ရန် ကြံစည်နေကြသည်ကို တွေ့ရသည်။ ထိုအခြင်းအရာကို စောင့်ကြည့်ပြီး တချိန်တွင် အင်တာနက် ပေါ်တွင် အိပ်(ခ်ျ)ဒီတီဗီ စနစ်ကြီးကို ခံစား ကြည့်ရှုနိုင်ကြပေဦးမည်ဟုလည်း မျှော်လင့် နေကြသည်။

ယခုအချိန်တွင် အိပ်(ခ်ျ)ဒီတီဗီ ကမ္ဘာသစ်ကို ထူထောင်ကြရန်၊ ငွေကြေးနှင့် ရုပ်သံဌာနများ ပြောင်းလဲ ပစ်ရန် အခြေအနေများပေါ် မူတည်နေ၏။ သုံးစွဲသူ များပြားကျယ်ပြန့်သည်နှင့်အမျှ ရုပ်သံဖမ်းစက် ဈေးနှုန်းများ ကျဆင်းလာမည်ဖြစ်၏။ ဗဟိုသတင်းဆက်သွယ်မှု ကော်မရှင် FCC ၏ ဟောကိန်းအရ SDTV တွင်ဒစ်ဂျစ်တယ်စနစ်ဖြင့် ထုတ်လွှင့်ခြင်းကို ၂ဝဝ၃ ခုနှစ်တွင် စတင်နိုင်ခဲ့ခြင်းကြောင့် အမေရိကန်နိုင်ငံတွင် ၂ဝဝ၆ ခုနှစ်၌ analog ရုပ်သံထုတ်လွှင့်မှု စနစ် လုံးဝပျောက်သွားမည်ဖြစ်ပြီး များမကြာမီနှစ်များတွင် ကမ္ဘာတစ်ဝန်းလုံး မြင်ကွင်းကျယ် အိပ်(ခ်ျ)ဒီတီဗီ စနစ်နှင့် အတူ surround sound system ဖြင့် ရုပ်သံအစီအစဉ်များ ဖမ်းယူ ကြည့်ရှုရတော့မည်ဟု မျှော်လင့်ရပေသည်။

အိပ်(ခ်ျ)ဒီတီဗီ အကြောင်းပြောသည့်အခါ သမားရိုးကျ အန်နာလော့ဂ် တီဗွီက အရင်စ ရှင်းရပါလိမ့်မယ်။ တီဗွီတွေမှာ ပုံရိပ်ကို ဖန်သားပြင်ပေါ်မှာ တစ်လိုင်းချင်းဖြတ်၍ပဲ ပုံဖော်ပေးနိုင်တယ်။ အန်နာလော့ဂ် တီဗွီမှာ ပုံရိပ်ဖြတ်ပိုင်းမျဉ်း တစ်လိုင်းချင်းစီရဲ့ အရောင်ပြင်းအားနဲ့ သတင်းအချက်အလက်များကို 6 MHz ကြိမ်နှုန်း ရှိသော အချက်ပြ signal က သယ်ဆောင်ပေးသည်။ US ၏ အန်နာလော့ဂ် တီဗွီ signal မှာ ပုံရိပ်ဖြတ်ပိုင်းမျဉ်း ၅၂၅ scanline သုံး၍ တစ်စက္ကန့်၏ အပုံသုံးဆယ်ပုံတစ်ပုံမှာ တစ်ကြိမ် ပုံရိပ်တစ်ခုလုံး အပြီး ဖော်ရသည်။ ကွန်ပျူတာ မော်နီတာဝေါဟာရနှင့် ကြည့်လျှင် ဒေါင်လိုက် pixel အရေအတွက် ၅ဝဝ ကျော် resolution ရှိတယ်လို့ ပြောလျှင်သည်။

ယနေ့ ကွန်ပျုတာမော်နီတာများတွင် resolution ၆၄ဝ x ၄၈ဝ အနိမ့်ဆုံးမှ ၈ဝဝ x ၆ဝဝ ကနေ ၁ဝ၂၄ x ရ၆၈ ထိ သုံးစွဲနေကြပါပြီ။ အလွယ်ဆုံးပြောရလျှင် အိပ်(ခ်ျ)ဒီတီဗီ ဆိုသည် အနုစိတ်မှု အတိုင်းအတာ resolution မြင့်မားသော ဒစ်ဂျစ်တယ်တီဗွီကို Dolby Digital ပတ်လည်သံပြေးစနစ် (AC-3) နဲ့ ပေါင်းစပ်ထားခြင်းပင်ဖြစ်သည်။ အိပ်(ခ်ျ)ဒီတီဗီ ကို ကွန်ပျုတာမော်နီတာ resolution နည်းဖြင့် တိုင်းတာသည့် fromat နှင့်ကြည့်လျှင်

720 p - 1280 x 720 pixels progressive
1080 i - 1920 x 1080 pixels interlaced
1080 p - 1920 x 1080 pixels progressive တွေ အသုံးပြုကြသည်။

Interlaced စနစ်

Interlaced စနစ်မှာ ပုံရိပ်ဖြတ်ပိုင်းမျဉ်းကို ပုံရိပ်တစ်ခုလုံး အပြီးဖော်ရမည့်အချိန်၏ ပထမတစ်ဝက်အတွင်း မ-ဂဏန်းကျသော လိုင်းများပဲ တစ်ဝက်ဖြတ်၍ ဆွဲသွားသည်။ နောက်ကျန်သောအချိန် ဒုတိယ တစ်ဝက် တွင် ကျန် စုံဂဏန်းကျသော မျဉ်းများ ဆက်ဆွဲ၍ ပုံရိပ်ကို ပြီးပြည့်စုံစေသည်။ ထိုနည်းမှာ screen ကြီးလာလျှင် တဖျပ်ဖျပ် ဖြစ်လာကာ သတိပြုမိနိုင်လောက်ပေသည်။

Progressive စနစ်

Progressive စနစ်မှာ ပေးထားသည့် အချိန်အတွင်း (တစ်စက္ကန့်၏ အပုံသုံးဆယ်ပုံ တစ်ပုံအတွင်း) ပုံရိပ် ဖြတ်ပိုင်းမျဉ်း scanလိုင်း အစဉ်အတိုင်း တစ်ချီတည်းအပြီး ဆွဲပါသည်။ ပုံမှန်မြင်နေကျ ၅၂၅ လိုင်းမှ အိပ်(ခ်ျ)ဒီတီဗီ၏ ရ၂ဝ သို့မဟုတ် ၁ဝ၈ဝ resolution နှင့် ယှဉ်ကြည့်လျှင် ကြီးမားသော ကွာခြားချက်ကို သိသာထင်ရှားစွာ မြင်ရပါသည်။

Ref; Wiki
Posted by Aung Swe

No comments:

Post a Comment