Monday, 19 September 2016

Nokia-lumia-928



 Nokia အတွက် အကောင်းဆုံး ဖြစ်လာမည့် Nokia 928 Stuff Myanmar Magazine Nokia ရဲ့ ဘုရင်တစ်ပါးအဖြစ် ရပ်တည်ခဲ့တဲ့ Nokia 920 ဟာ သရဖူကို ဆောင်းခဲ့တာ 2012 September ကတည်းက ဆိုတော့ Smart Phone တစ်လုံးအတွက် သက်တမ်းတော်တော် ရှည်ကြာခဲ့တယ်လို့ ဆိုရမှာပါပဲ။ Nokia ကလည်း အကောင်းဆုံး Smart Phone အဖြစ် Noika 920 ကို ပွဲထုတ်ခဲ့တာ တော်တော်ကြာခဲ့ပါပြီ။ သူ့ထပ်ကောင်းတဲ့ Smart Phone တစ်လုံးကို အသုံးပြုသူတွေထံ ထပ်မံ ကြေငြာ ပေးဖို့ ၈လနီးပါးတောင် အချိန်ယူခဲ့ရသလို ဖြစ်နေပါတယ်။

          အခုတော့ #1 Nokia and Windows 8 Phone နေရာကို အရယူဖို့ Nokia 928 ကို တရားဝင်ကြေငြာခဲ့ပါပြီ။ Verizon ကနေ ၀ယ်ယူရရှိနိုင်မဲ့ Nokia 928 ဟာ မေလ ၁၆ရက်နေ့မှာ စတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။ Pure View Technology ကိုအသုံးပြုထားတဲ့ 8.7MP Camera နဲ့ Xenon Flash တွဲပြီး ပါဝင်လာပါတယ်။ (808 မှာပါခဲ့သလို MegaPixel အများကြီး ပါလာဖို့ မျှော်လင့် ထားခဲ့ပေမဲ့လည်း 8.7MP နဲ့ပဲ ကြေနပ်ရပါတော့မယ်။) Optical Image Stabalization (OIS) လဲ အရင်ကလိုပဲ ပါဝင်လာပါတယ်။ (920 မှာ အဓိကထား ကြေငြာခဲ့တဲ့ OIS ကတော့ Video ရိုက်ကူးတဲ့ နေရာမှာ တော်တော်လေး ကောင်းမွန်တာ တွေ့ရပါတယ်။

Canon L Lens တွေမှာ ပါတဲ့ Image Stabilizer II (IS II) နဲ့ ပခုံးချင်း ယှဉ်နိုင်လောက်အောင် ကောင်းတာတော့ အသုံးပြုဖူးသူ လက်တွေ့ ဖြစ်ပါတယ်။) Design ပိုင်းက Windows Phone တွေထဲမှာ လှပကျော့ရှင်းနေမဲ့ ပုံစံမျိုးဖြစ်ပါတယ်။ Wireless အားသွင်းစနစ်လဲ ပြန်လည် ပါဝင်မှာ ဖြစ်ပါတယ်။ ကိုယ်ထည်ကတော့ Poly ပဲဖြစ်ပြီး၊ 920 ထပ် ပေါ့ပါးနေဖို့ မျှော်လင့်ရပါတယ်။ တစ်ခြား Spec တွေကတော့ ဈေးကွက်ထဲမှာ ရရှိနိုင်တဲ့ ဒိတ်ဒိတ်ကြဲ Super ဖုန်းတွကိုတော့ မယှဉ်နိုင်ပေမဲ့ Windows Phone တွေထဲမှာ Spec အကောင်းဆုံး၊ Nokia Phone တွေရဲ့ Spec အကောင်းဆုံး သရဖူကိုတော့ ရရှိနေမှာ ဖြစ်ပါတယ်။

4.5 inch WXGA HD OLED; Resolution 1280 x 768, 334 ppi; Super-sensitive capacitive touch; 2.5D Corning® Gorilla® Glass 2, Integrated 2000mAh battery, Processor:1.5GHz dual core, Qualcomm MSM8960+WTR Main Camera: PureView 8.7MP Auto Focus with Carl Zeiss Tessar f/2.0, Optical Image stabilization; Xenon Flash, Video; HD 1080p Video Capture @ 30 fps, Front camera: 720p HD video and 1.2MP, Memory: 1 GB RAM; 32GB internal memory

(အားလုံးနီးပါး 920 နဲ့ သိပ်ကွာတာ မတွေ့ရပါဘူး) Camera ပိုင်းကို ကောင်းမွန်အောင် လုပ်ဆောင် ထားတဲ့ အချက်နဲ့ Speaker ပိုင်းမှာလည်း အသံထွက်အကျယ်ဆုံး (140db) Smart Phone တစ်လုံး အဖြစ် နံပါတ်၁ ဖြစ်နေပါလိမ့်မယ်။ Update: Network ပိုင်းမှာတော့ CDMA 800 နဲ့ 1900 ကိုတော့ Support လုပ်မယ်လို့ ဆိုထားပါတယ်။ Nokia မှ Nokia သုံးချင်သူများ၊ Windows Phone ကိုမှ ကြိုက်နှစ် သက်သူများ No1. Nokia & Windows Phone ဖြစ်လာမဲ့ Nokia 928 ကို စောင့်မျှော်နိုင်ဖို့ သတင်း ပေးလိုက်ရပါတယ်။  


Ref: nokia-lumia-928, conversations.nokia
From: Stuff Myanmar Magazine 

No comments:

Post a Comment