Monday, 19 September 2016

ရေငုပ်ပြီး ဓာတ်ပုံရိုက်နိုင်မယ့် Sony ဖုန်းအသစ်


Sony ရဲ့ အသစ်ထွက်ရှိလာမယ့်ဖုန်းအသစ် Sony Xperia ZR ဟာ လက်ရှိနာမည်ကြီးဖုန်းတွေမှာ မပါဝင်သေးတဲ့ နည်းပညာသစ်တွေ ထည့်သွင်းထားပါတယ်တဲ့။ အဲဒီထဲမှာ ရေစိမ်ခံနိုင်တဲ့အစွမ်းလည်း အပါအ၀င်ပေါ့။ရေအောက် ၅ မီတာအထိ ဖိအားခံနိုင်မယ်၊ ရေထဲမှာ ဓာတ်ပုံရိုက်ချင်တဲ့ သူတွေအတွက် အဆင်ပြေစေမယ့် အကောင်းစား ကင်မရာလည်း ထည့်သွင်းတပ်ဆင်ထားတယ်လို့ သိရပါတယ်။ ရေဖိအားဒဏ်ခံနိုင်မှုဟာ IP 55 – IP 58 ရှိတယ်၊ အရင်ထွက်ရှိထားတဲ့ Sony Xperia Z ထက် သာလွန်ကောင်းမွန်ပါတယ်။ ရေစိုဒဏ် ခံနိုင်တယ်ဆိုပေမယ့်လို့  ဒီဖုန်းကို ပင်လယ်ရေထဲ အသုံးမပြုသင့်ဘူး၊ သန့် ရှင်းတဲ့ ရေကူးကန်မှာသာ အသုံးပြုသင့်တယ်လို့ ကြိုတင် တိုက်တွန်းထားတာပါ။ ကျန်တဲ့အချက်တွေအနေနဲ့ တော့ ဖုန်းမျက်နှာပြင်ဟာ အရွယ်အစားဟာ Sony Xperia Z နဲ့  တူညီပြီး 4.6 screen size ရှိပါတယ်။ အလုပ်လုပ်တာမြန်ဆန်ဖို့ အတွက်တော့ 1.5 GHz quad-core Qualcomm Snapdragon Processor ကိုအသုံးပြုထားပါတယ်။ သိုလှောင်နိုင်မှုမှတ်ညဏ်အားဖြင့် 2GB ပါရှိပြီး memory card ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ ဓာတ်ပုံရိုက်မယ့်သူတွေနှစ်ခြိုက်နိုင်တာကတော့ 13-megapixel camera ပါရှိခြင်းပါပဲ။ ဒါကြောင့် အရည်အသွေးကောင်းတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာပါ။ ဒါ့အပြင် HD quality ဗီဒီယိုတွေကို ရိုက်ကူးနိုင်မှာဖြစ်ပြီး Exmor RS Image Sensonကို အသုံးပြုထားတာကြောင့် ရေအောက်မှာ ဓာတ်ပုံကောင်းတွေ ရိုက်ချင်တဲ့သူတွေအတွက်အဆင်ပြေစေမှာပါ။ Sony က လက်ရှိအချိန်မှာတော့ ဈေးနှုန်းကို မကြေညာသေးပါဘူး။ နောက်လပိုင်းအတွင်း ထွက်ရှိလာမှာဖြစ်ပါတယ်။ အရောင်အနေနဲ့ကတော့ အဖြူ နဲ့  အနက်ကိုပဲ တကမ္ဘာလုံးကိုဖြန့် ချီမှာဖြစ်ပါတယ်။ ကြော်ငြာကို ကြည့်ချင်တယ်ဆိုရင်တော့ ဒီလင့်မှာသွားရောက်ကြည့်ရှုနိုင်ကြပါပြီ။

No comments:

Post a Comment