Monday, 19 September 2016

iPhone နှင့် တွဲဖက်သုံးနိုင်မည့် Citizen နာရီ



  iPhone အသုံးပြုသူများအတွက် တွဲဖက်သုံးလို့ရမယ့် နာရီမျိုးကို ဂျပန် Citizen နာရီ ကုမ္မဏီက ထုတ်လုပ် ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဈေးနှုန်း ကတော့ အမေရိကန်ဒေါ်လာ ၄၀၀ ကျော်တဲ့အတွက် မြန်မာပြည်မှာ လေးသိန်း ဝန်းကျင် ပေါက်ဈေး ရှိနိုင်ပါတယ်။ လေးသိန်းပေးပြီး ဝယ်သင့်မဝယ်သင့် သူ့ရဲ့  အသုံးဝင်မှုကို ဆက်လက် လေ့လာနိုင်ပါတယ်။ Bluetooth 4.0 ပါဝင်ပါတယ်။ iPhone 4S, iPhone 5 များမှာအသုံး ပြုနိုင် ပါမယ်။ အသုံးပြုလို့ရတဲ့ ဖက်ရှင်များကတော့ ဖုန်းထဲကို Message ရောက် လာတာမျိုး၊ ဖုန်းကို အကြောင်း အမျိုးမျိုးကြောင့် Silent လုပ်ထားတဲ့ အချိန်မျိုးတွေဆို နာရီက Vibrationနဲ့ အချက်ပေးပါတယ်။ ဖုန်းမှာ Reminder ပေးထားရင် သူ့နေ့၊ အချိန် ကျတဲ့အခါ နာရီကလည်း အချက် ပေး ပါတယ်။ နာရီထားတဲ့ နေရာ မမှတ်မိရင် iPhone Bluetooth ဖွင့်ပြီး ရှာနိုင်ပါတယ်။ ထိုနည်းတူစွာ ဖုန်းထားတဲ့ နေရာ မသိတော့ ရင်လည်း နာရီကနေ ခလုပ်နှိပ်ပြီး ဖုန်းကို အသံမြည် စေမှာ ဖြစ်ပါတယ်။  ဖုန်းထဲက Application  အချို့  ကိုလည်း နာရီနဲ့ ဖုန်း အပြန်အလန် ထိန်းချုပ်ပြောင်းလဲနိုင်ပါမယ်။ ဥပမာ- ဖုန်းထဲက အချိန်၊ ရက်စွဲနဲ့ နာရီက အချိန် ရက်စွဲက အတူတူ ပဲ ဖြစ်ပါ တယ်။ အခြားသော Function များလည်း ပါဝင်ပါသေးတယ်။ နာရီရဲ့  Option တွေအားလုံးကို iPhone ကနေထိန်းချုပ်နိုင်ပါတယ်။ နာရီကို ရာဘာကြိုး၊ စတီးကြိုး နှစ်မျိုး ထုတ်ထားပါတယ်။ ရေစိုခံ (Water Resistant) နာရီအမျိုးအစားပဲ ဖြစ်ပါတယ်။ Bluetooth ပါဝင်ပေမယ့် ဓာတ်ခဲ အသုံးပြုမှု က အခြား သာမန် Citizen နာရီတွေလိုပဲ ဖြစ်ပါတယ်။ Citizen Eco-Drive Proximity လို့ အမည်ပေးထားပြီး ထုတ်လုပ်နေကျ အဆင့်မြင့် Citizen နာရီတစ်လုံးကို iPhone နဲ့တွဲသုံလို့ ရအောင် အနည်းငယ် Upgrade လုပ်လိုက်ခြင်း မျှသာ ဖြစ်ပါတယ်။ နာရီ ဝယ်ဖို့ ငွေ ၄ သိန်းအကုန် ကျခံနိုင်မယ်၊ iPhone 4S / iPhone 5 ကလည်း ရှိနေတယ် ဆိုရင် Citizen ရဲ့  Eco-Drive Proximity ကို မကြာမီ မြန်မာပြည်မှာ ဝယ်ယူ ရရှိနိုင်ပါတယ်။

Ref:Stuff Myanmar Magazine 

No comments:

Post a Comment